ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား ဂျပန်နိုင်ငံမစ်ဆူဘီရှိ ဘဏ် ဥက္ကဋ္ဌ Mr. Takashi Morimura ဦးဆောင်သောအဖွဲ့ လာရောက် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား အား ဂျပန်နိုင်ငံ မစ်ဆူ ဘီရှိဘဏ် ဥက္ကဋ္ဌ Mr. Takashi Morimura ဦးဆောင်သော အဖွဲ့ လာရောက်တွေ့ဆုံသည် ၂၀၁၄ ခုနှစ်၊ မေလ (၆) ရက် နေ့လည် (၁) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက် ကြပြီး ဂျပန်နိုင်ငံ မစ်ဆူဘီရှိဘဏ် ဒုတိယ ဥက္ကဋ္ဌ Mr. Takashi Morimura အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် မြန်မာ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေနိုင်ပြီး လူမှုစီးပွား မြင့်မားတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး မှ ဂျပန်နိုင်ငံ မစ်ဆူ ဘီရှိဘဏ် ဥက္ကဋ္ဌ Mr. Takashi Morimura နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး မှတ်တမ်း တင်ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။


No comments:
Post a Comment