ဝန်ကြီးချုပ်အသစ် ရွေးကောက်ပေးလိုက်တဲ့ လစ်ဗျားလွှတ်တော်
နိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကို
ရွေးချယ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ လစ်ဗျားဥပဒေပြု လွှတ်တော်အမတ်တွေဟာဝန်ကြီးချုပ် အဖြစ်လျာထားတဲ့ ၀န်ကြီးချုပ်လောင်း(၇)ဦး ထဲကမှ မစ္စတာ " အာမတ် " ကို တနင်္ဂနွေနေ့မှာ ရွေးကောက်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျားလွှတ်တော်အမတ်တွေဟာ " အာမတ်မိုင်တီး " လို့ခေါ်တဲ့
စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကို ၀န်ကြီးချုပ်အဖြစ်
ရွေးချယ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ " အာမတ် " ဟာ "
မိုဟာမတ်ကဒါဖီ " ကို ရာထူးကနေ ဖြုတ်ချခံရပြီးမှာ ၀န်ကြီးချုပ်ရာထူး
တာဝန်တဲ့ တတိယမြောက် ၀န်ကြီးချုပ် လည်း ဖြစ်ပါတယ်။ ပထမ၀န်ကြီးချုပ် "
အလီဇိုင်ဒန် " ကတော့ လွှတ်တော်မှာ ထောက်ခံမဲ မရရှိခဲ့ဘဲနဲ့ ပြီးခဲ့တဲ့မတ်လက
ရာထူးရပ်ဆိုင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ သူက အစိုးရဆန့်ကျင် လက်နက်ကိုင်တပ်တွေ
ဆီတင်သင်္ဘောကို အပိုင်သိမ်းပြီး ရေနံအရိုင်းတွေကို မြောက်ကိုရီးယားကို
ပြန်လည်တင်ပို့တာကို မထိန်းသိမ်းနိုင်ခဲ့တာကြောင့် ရာထူးကနေ
အနားပေးခံခဲ့ရတာလည်းဖြစ် ပါတယ်။
ဒုတိယမြောက် ၀န်ကြီးချုပ် " အဘ်ဒူလာ အယ်လ်သီနီ " ကတော့ တာဝန်ထမ်းဆောင်ပြီး
(၅)ရက်အကြာ ပြီးခဲ့တဲ့လမှာ ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာမိုင်တီးဟာ (၂) ပတ်အတွင်းမှာ အစိုးရသစ်ကို
ဖွဲ့စည်းနိုင်ဖွယ်ရှိနေပေမယ့် အမျိုးသားညီလာခံဟာ တစ်ကွဲ
တစ်ပြားဖြစ်နေတာကြောင့် အစိုးရဖွဲ့စည်းဖို့ လွှတ်တော်ရဲ့ အတည်ပြုချက်ရဖို့
အတော်လေး ကြိုးစားရမှာ ဖြစ်တယ်လို့ လစ်ဗျားအရေး လေ့လာသုံးသပ်သူတွေက
ခန့်မှန်းထားပါသည်။
No comments:
Post a Comment