ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျေးရွာချင်းဆက်တံတား လုပ်ငန်းပြီးစီးမှု အခြေအနေ ကြည့်ရှုစစ်ဆေး
ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးရံပုံငွေဖြင့် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကျပ်သန်း (၂၁.၀၀) အကုန်အကျခံ တည်ဆောက် လျှက်ရှိသော ကယားပြည်နယ် လွိုင်ကော်မြို့နယ် တီးလုံကျေးရွာအုပ်စုအတွင်း ၀မ်ငေါ့ကျေး ရွာနှင့် ဒေါစဲကျေးရွာ ဆက်သွယ်သည့် ကျောက်ရိုးစီ သစ်သား တံတား ၇၀' × ၁၄' တည်ဆောက်ခြင်း လုပ်ငန်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညို၊ မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဌ ဦးဘစိုးနှင့် လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး တို့မှ လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် လုပ်ငန်းအရည်အသွေး အား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ယင်းကျေးရွာချင်းဆက်တံတား ပြီးစီးပါက တီးလုံကျေးရွာအုပ်စု အတွင်း ရှိ ကျေးရွာများ ပြည်သူ (၃၈၉၉)တို့မှ သွားလာရေးလွယ်ကူ၍ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျေးလက်လူနေမှုဘ၀ ကိုလည်း မြှင့်တင်နိုင် မည်ဖြစ်သည်။

No comments:
Post a Comment