Tuesday, May 6, 2014

ကမ္ဘာ့ အဖွဲ့ချုပ်(၂)ခုရဲ့ ချန်ပီယံဆုကို မေ၀ယ်သာ ရရှိတဲ့ သတင်း






ဝယ်တာဝိတ်တန်းမှာ ရှုံးပွဲမရှိသေးတဲ့ ဖလွိုက်မေ၀ယ်သာဟာ စနေနေ့က လတ်ဗေးဂတ်မြို့မှာ ထိုးတဲ့စိန်ခေါ်ပွဲမှာလည်း မာကို့စ်မေဒီနာကို (၁၂)ချီထိုးသတ်ပြီး အမှတ်နဲ့ အနိုင်ရသွားပါတယ်။ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာက WBCအဖွဲ့ချုပ် ချန်ပီယံဖြစ်ပြီး အာဂျင်တီးနား လက်ဝှေ့သမား မေဒီနာက WBAအဖွဲ့ချုပ်ရဲ့ ၀ယ်တာဝိတ် ချန်ပီယံ ဖြစ်ပါတယ်။ အခုဒီပွဲမှာ အနိုင်ရသွားတဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာက မေဒီနာရဲ့ ချန်ပီယံခါးပတ်ကိုပါ ရသွားပါတယ်။ ဒါကြောင့် မေ၀ယ်သာဟာ WBCနဲ့ WBAလက်ဂှေ့ အဖွဲ့ချုပ်(၂)ခုစလုံးရဲ့ ၀ယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်သွားပါတယ်။ မေ၀ယ်သာဟာ ဒီပွဲအပါအ၀င် (၄၆)ပွဲ ထိုးသတ်အပြီးမှာ (၄၆)ပွဲလုံး အနိုင်ရထားပါတယ်။ အဲဒီမှာ အလဲထိုးနဲ့ နိုင်တာက (၂၆)ပွဲဖြစ်ပါတယ်။ မေဒီနာကတော့ အလဲထိုးပွဲ (၃၁)ပွဲအပါအ၀င် (၃၅)ပွဲနိုင်ထားပြီး (၄)ပွဲရှုံးထားပါတယ်။ ချန်ပီယံ မေ၀ယ်သာက "သူက ကျွန်တော့်ကို လက်တစ်ဘက်နဲ့ ထိန်းထားပြီး နောက်တစ်ဘက်နဲ့ ထိုးဖို့ကြိုးစားပါတယ်။ ကျွန်တော့် အမြင်တော့ သူကနပန်းသမားနဲ့ တူနေပါတယ်။ ကျွန်တော်ကတော့ လက်ဝှေ့သမားပါ"လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

No comments:

Post a Comment

back to top