Asean Business Award ဆုများ ဝင်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
၂ဝဝ၃ ခုနှစ်မှ စတင်ကာ အာဆီယံနိုင်ငံများမှ အကြီးအကဲများနှင့် ခေါင်းဆောင်များက စတင် တည်ထောင် ခဲ့သည့် အာဆီယံ စီးပွားရေး အကြံပေး ကောင်စီသည်
အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန်အတွက် အာဆီယံ
စီးပွားရေး လုပ်ငန်းဆိုင်ရာ ထူးချွန်ဆုများကို ၂ဝဝ၇ ခုနှစ်တွင် စတင်
ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ
စီးပွားရေးလုပ်ငန်းဆိုင်ရာ ထူးချွန်ဆုကို ပေးအပ်ရာတွင် အာဆီယံဒေသ အတွင်းရှိ
ကုမ္ပဏီကြီးများနှင့် MSMES အမျိုးအစား နှစ်ခုတို့ အတွက် ပေးအပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
ပထမ အမျိုးအစားမှာ ပေါင်းစည်း ထူးချွန်မှု၊
တီထွင်ကြံဆမှုနှင့် အာဆီယံကို အချက်အချာပြုမှုတို့ ပါဝင်ပြီး ဒုတိယ
အမျိုးအစားမှာ MSMES အမျိုးအစားကို အလွန်သေးငယ်သော ကုမ္ပဏီ၊ အသေးစားနှင့်
အလတ်စား ကုမ္ပဏီများ၊ အတွေ့အကြုံ နုနယ်သေးသော စီးပွားရေး
လုပ်ငန်းရှင်များနှင့် အမျိုးသမီး စီးပွားရေး လုပ်ငန်း ခေါင်းဆောင်များ အထိ
ဆုများကို တိုးချဲ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ
စီးပွားရေးဆိုင်ရာ ထူးချွန်ဆုများကို မြန်မာနိုင်ငံမှ စီးပွားရေး
ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
ထားပြီး Asean Business Award ဆုကို ရရှိပါက နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သော
ပုဂ္ဂိုလ် ဖြစ်လာမည်ဖြစ်ပြီး ဆုမရရှိ ပါကလည်း အာဆီယံ အဆင့်မှ ပေးအပ်သည့်
ဆုတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖူးသော အတွေ့အကြုံ ရရှိမည်ဖြစ်ကြောင်း
သိရသည်။
ဝင်ရောက် ယှဉ်ပြိုင်လိုသော ကုမ္ပဏီများသည်
မေ ၁ ရက်မှ စတင်ကာ ဇွန် ၃ဝ ရက်အထိ www.asean-bac.org မှ တစ်ဆင့်
လျှောက်ထားနိုင်ကြောင်း သိရသည်။
အသေးစိတ် သိရှိလိုပါက KPMG Myanmar + 9518603361 ~3, Fax + 9518603364, E-mail:
mlwin@kpmg.com နှင့် ASEAN BAC Secretariat + 62217262991 ext 491, Fax +62217398234, E-mail:
asean-bac@asean.org သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
No comments:
Post a Comment