Monday, May 26, 2014


လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများ လွှဲပြောင်းပေးအပ်


၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်မှ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ ကော် မတီနှင့် ရပ်ကွက်/ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို မေလ (၂၃) ရက် နံနက် နံနက် (၉) နာရီအချိန်တွင် ဘောလခဲမြို့၊ ၀မ်ချယ် ကျေးရွာရှိ ပညာပန်းခင်း စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ပါသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင် မှ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမှုအခြေအနေကို ရှင်းလင်း တင်ပြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကော်ရိုင်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဥက္ကဋ္ဌတို့မှ အသီးသီး အမှာစကားပြောကြား ကာ ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်း(၃၀)ခုအား သက်ဆိုင်ရာဌာန၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများထံ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ယင်းနောက် ပညာပန်းခင်း စာကြည့်တိုက်အား မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတစ်ဦးမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်း အင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top