Monday, May 26, 2014


တိုင်း/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက် မြင်းပြိုင်ကွင်းလမ်းနှင့် ဆရာစံလမ်းထောင့်၊ အမှတ်(၉၀) ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခန်းမ၌ ၂၀၁၄ ခုနှစ်၊ မေလ (၂၃)ရက်၊ ၁၄၃၀ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင်၊ ရန်ကုန် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် တိုင်း/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။


ယင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်သော ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်လေးခုမှ အတွင်းရေးမှူးများ နှင့် ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင် မြို့နယ်များမှ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ စုစုပေါင်း (၅၀) ဦး တက်ရောက်သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရေးမှူးများ၊ မြို့နယ်ပါတီ အတွင်းရေးမှူးများမှ ဒေသဆိုင်ရာ ဖွံဖြိုးရေး လိုအပ်ချက်များနှင့် အခက်အခဲ များကို တင်ပြဆွေးနွေးရာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌမှ ရှင်းလင်းဖြေ ကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေး ပါတီ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် ပြည်သူများ၏ အခက်အခဲကို တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်၍ ပြည်သူနှင့် တစ်သားတည်း ကျသော ပြည်သူ့ပါတီအဖြစ် ရပ်တည်ရေး လုပ်ငန်းများ ဆောင်ရွက်ကြရန် အစရှိသည်တို့ကို ရှင်းလင်းမှာကြား၍ အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top