Monday, May 26, 2014


လွှတ်တော်ကိုယ်စားလှယ် နှင့် ပြည်သူ ပူးပေါင်းလမ်းခင်းပြီးစီး အထိမ်းအမှတ် ကမ္မည်းကျောက် စာ ပေးအပ်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင် ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သည် တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် ကောလိယ ၂၄ လမ်း ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် လမ်းသူလမ်းသားများ ပူးပေါင်း၍ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးခြင်း အထိမ်းအမှတ် ကမ္မည်းကျောက်စာ ပေး အပ်ကာ ကောလိယ (၂၃) လမ်းတွင် လမ်းသူလမ်းသားများနှင့် ပူးပေါင်း၍ ကွန်ကရစ်လမ်း ခင်းကျင်းနေမှုကို လည်းကောင်း၊ ကောလိယလမ်းမကြီးကို ကွန်ကရစ်လမ်း ခင်းနေမှုများကိုလည်း သွားရောက် ကြည့်ရှု အားပေးခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တောင်ဥက္ကလာပမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမင်းအောင်၊ ရပ်ကွက်ပါတီ ခေါင်းဆောင်နှင့် ရပ်မိရပ်ဖများပါ လိုက်ပါ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top