Thursday, May 8, 2014


HEROES STAR Co., Ltd ဆိုင်ကယ် အရောင်းပြခန်းဖွင့်ပွဲနှင့် သန်လျင်မြို့၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူး သာသနာပြုဆရာတော် ဘဒ္ဒန္တပညာတေဇဦးဆောင်၍ သစ္စာဓိဋ္ဌာန် စတုဒိသာကျွေးပွဲ ကျင်းပ



HEROES STAR Co., Ltd ဆိုင်ကယ် အရောင်းပြခန်းဖွင့်ပွဲနှင့် ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက် အထူးသာသနာပြု ဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ အလှူရှင် များဖြစ်ကြသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်း သော သစ္စာဓိဋ္ဌာန် စတုဒိသာကျွေးမွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ ကျွန်းကလေးကျေးရွာတွင် မေလ (၁) ရက်က ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးဌေးဦး၊ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ မှော်ဘီ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးကြီးမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးဆွေအောင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းနှင့် ဦးနိုင်ဝင်း၊ လှည်းကူးမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ အင်းစိန်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှု ဆောင်များ၊ မြို့မိမြို့ဖ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေး စည်းရုံးရးမှူးများနှင့်ပါတီဝင်များ တက်ရောက်ကြသည်။



ရှေးဦးစွာ နံနက် ၇ နာရီ မိနစ် ၃ဝ တွင် သံဃာတော် အရှင်သူမြတ်များက ပရိတ်ဒေသနာတော် များ ရွတ်ဖတ်ပူဇော်ကြပြီးနောက် သံဃာအပါး ၁၁ဝ တို့ အား မြတ်သင်္ကန်း၊ ဒံပေါက်ဆွမ်းနှင့် ဒါနဝတ္ထု အစုစု တို့ဖြင့် လောင်းလှူကြပြီး (၈) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ ကျွန်းကလေးကျေး ရွာတွင် စတုဒိသာကျွေးပွဲသို့လာရောက်ကြသော ဧည့်ပရိသတ်များ စတင် ဧည့်ခံကျွေးမွေးရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အလှူရှင်များ၊ ဝိုင်းဝန်းလုပ်အားဒါနပြုကြသူများက ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်၍ ဧည့်ခံကျွေး မွေးကြသည်။
ထို့နောက် HEROES STAR Co., Ltd ဆိုင်ကယ်အရောင်းပြခန်း ဖွင့်ပွဲအား နံနက်၈နာရီခွဲ အဆိုပါ အရောင်းပြခန်းရှေ့၌ပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် တာဝန်ရှိသူများက ပြခန်းဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
နံနက် ၁ဝ နာရီတွင် ရေစက်ချအခမ်းအနားကို လှည်းကူးမြို့ ကျွန်း ကလေးကျေးရွာ၊ HEROES STAR Co., Ltd ဆိုင်ကယ် အရောင်းပြခန်း တွင် ပြုလုပ်ရာ ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားဖွင့်လှစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့်အလှူရှင်များ၊ တက်ရောက်လာကြသော ဧည့်ပရိသတ်များသည် လှည်းကူးမြို့နယ် ပိုက်ကြီး ဝဲကျေးရွာ ဝိဇိတာရာမ ပရိယတ္တိ စာသင်တိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဒေါက်တာရေဝတာ လင်္ကာရ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ကြပြီး ဆရာတော်သံဃာ တော်များက မေတ္တသုတ် ပရိတ်တရားတော်များ ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အလှူရှင်များ၊ တပည့်ဒါယကာ ဒါယိကာမများက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သန်လျင်မြို့ မင်းကျောင်း ပရိယတ္တိ စာသင်တိုက် ဦးစီး ပဓာန နာယက ဆရာတော် ဘန္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာ ပဏ္ဍိတ) နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ထံမှ ရေစက်ချ တရားတော် နာယူကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆို၍ အခမ်း အနားကို ရုပ်သိမ်းသည်။ 
ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
အဆိုပါ စတုဒိသာကျွေးပွဲအား ယခုလ ၁ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျွေးမွေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နှင့် အနီးပတ် ဝန်းကျင် ရပ်ကွက်ကျေးရွာများမှ ပြည်သူများ၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ဘုရားဖူးပြည်သူများ စုစုပေါင်း အင်အား ၃ဝဝဝဝ ကျော် လာရောက် စားသုံးကြပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်ခိုင်ဖြိုးပါတီဝင် အင်အား ၁ဝဝဝ ကျော်က လုပ်အားဒါန ပြုပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top