Tuesday, May 6, 2014


ပြည်ခိုင်ဖြိုးပါတီမှ (၁၇၅) ကြိမ်မြောက် ဘုံဆွမ်းလောင်းလှူဒါန်း


(၁၇၅) ကြိမ်မြောက် ဘုံဆွမ်းလောင်းလှူဒါန်းပွဲအဖြစ် ဧပြီ ၃၀ ရက် နံနက် (၅) နာရီက ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့ ၌ သံဃာတော် အပါး ၁၀၀ ကျော် အရုဏ်ဆွမ်း ကပ်လှူဒါန်းခဲ့သည်။
သံဃာအပါး ၁၀၀ ကျော်အား ဆွမ်း၊ ၀က်သားချက်၊ မန်းကျည်းရွက်စပ်ချဉ်၊ ကုလားပဲနှပ်၊ ပဲလမုန့် တို့ဖြင့် ကပ်လှူခဲ့ပြီး အဆိုပါနေ့ နံနက် ၆ နာရီခွဲ့ မန္တလေးမြို့ ဘုရားကြီးတိုက် အလယ်တိုက်ကြီး ဆရာတော် ဦးခေမာစရနှင့် လယ်ဝန် ကျောင်းဆရာတော် ဘဒ္ဒန္တဦးပညာသီရိ တို့ထံ ဆွမ်းချိုင့် ဆက်ကပ် လှူဒါန်းခဲ့သည်။
ယင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ မြို့နယ် အမျိုးသမီး အထောက် အကူပြုအဖွဲ့များ၊ ရပ်ကွက် စည်းရုံးရေးမှူးများ ပါတီဝင်များ တက်ရောက် ကြကြောင်း သိရသည်။


No comments:

Post a Comment

back to top