ရန်ကုန်အရှေ့ပိုင်းအခရိုင် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာ နယ်လှည့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်ကုသ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့် ဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်အခမဲ့ ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့သည် မေလ (၃) ရက်နေ့ နံနက် (၉) နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၇၀) ရပ်ကွက်ရှိ အောင်သုခဓမ္မာရုံ၌ ရပ်ကွက်အတွင်းရှိ မိဘပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ကုသပေးခဲ့သည်။
ဆေးကုသရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝြင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်း၊ နယ်မြေတာဝန်ခံ ခရိုင် ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများက လာရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။
ဆေးကုသရာတွင် ဒေါက်တာအောင်နိုင်ဦး (အထွေထွေ)၊ ဒေါက်တာဇော် လင်းပြုံး (သွားနှင့်ခံတွင်း) နှင့် သူနာပြု ဆေးဝါးကျွမ်းကျင် အဖွဲ့ဝင် (၁၅) ဦးဖြင့် လူနာပေါင်း ၁၅၀ တို့ကို ညနေ ၄ နာရီ အထိ ဆေးကုသပေးခဲ့သည်။

No comments:
Post a Comment