Thursday, May 22, 2014

တောင်ဥက္ကလာပမြို့နယ် တကောင်းလမ်း ခင်းနေမှု ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ကြည့်ရှုအားပေး

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း သည် မေလ ၂၀ ရက် ညနေ ၃ နာရီခွဲအချိန်တွင် တောင် ဥက္ကလာပမြို့နယ် အမှတ် (၅) ရပ်ကွက် တကောင်းလမ်းမကြီး အရှည်ပေ ၂၀၅၀ အကျယ် ၁၈ ပေ ခင်းကျင်းနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ထိုသို့ သွားရောက်အားပေးရာသို့ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမင်းအောင်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းနှင့် တောင် ဥက္ကလာပမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ လာရောက်ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top