Monday, May 26, 2014

ပြည်သူများ အားကိုးတဲ့ ပါတီဖြစ်အောင် ကြိုးစား ဆောင်ရွက်ရ မည်ဖြစ်ကြောင်း တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသာအေး ပြောကြား

““မိမိတို့ပါတီသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ထူထောင်ထားတာ မဟုတ်ပဲ ပြည်သူအတွက် ထူထောင်ထားသည့် ပါတီဖြစ်တယ်၊ ပြည်သူများ အားကိုးသည့် ပြည်သူ့ပါတီဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမယ် တိုင်းပြည် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပါတီစည်းမျဉ်းနှင့်အညီ မူဝါဒများ၊ စီမံကိန်းများချမှတ်ရေးဆွဲပြီး လုပ်ကိုင်ဆောင်ရွက်ကြရမယ် ပါတီဝင် အင်အား တောင့်တင်းခိုင်မာရန် စည်းရုံးဆောင်ရွက်ကြရမယ် ပြည်သူများ အားကိုးတဲ့ ပါတီဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမယ်၊ ပါတီလုပ်ငန်းစဉ်များ၊ ပါတီစည်းရုံးရေး ဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အလေး ထား ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး မိမိတို့ပါတီ နောင်နှစ်ပေါင်းများစွာ ရှင်သန်ရပ်တည်နိုင်ဖို့ အခြေခံကောင်းများကို ဆောင်ရွက်ရမယ် ” ဟု မေလ (၂၃)ရက် မွန်းလွဲ(၁) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံး အစည်း အဝေးခန်းမတွင် တိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီခရိုင်နှင့် မြို့နယ် ဥက္ကဋ္ဌများ၊ အတွင်းရေး မှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးသာအေးက ပြောကြားခဲ့သည်။ 


ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာ ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ တမူးမြို့ခရိုင်၊ မော်လိုက်ခရိုင်၊ မုံရွာ ခရိုင်နှင့် ရွှေဘိုခရိုင်တို့မှ ခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့် မြို့နယ်အလိုက် ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ထားမှုများကို အသီးသီး တင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စု ကိုယ်စားလှယ်များက အကြံပြုတင်ပြချက်များကို ဆွေးနွေးခဲ့ရာ တိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌ ဦးသာအေးက ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ 
အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင်များ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top