နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - May 6, 2014
တနင်္ဂနွေဂြိုဟ် မိဿရာသီ၊ ဗုဒ္ဓဟူးဂြိုဟ် ပြိဿရာသီ၊ သောကြာဂြိုဟ် မိန်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် ကန်ရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ တနင်္လာဂြိုဟ် ကရကဋ်ရာသီ၌ ရပ်တည်နေ၍ ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့် ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ် မိန်ရာသီ၊ နက်ပ်ကျွန်း ကုမ်ရာသီနှင့် ပလူတိုဂြိုဟ် ဓနုရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။ သောကြာမှ တနင်္လာသို့ ၁၂၀ံအမြင် ရှိထားသည်။ ဖုသျှနက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ ကရကဋ်၊ တူ၊ ဗြိစ္ဆာ၊ မကာရနှင့် မိန်ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသသပတေး၊ သောကြာ သားသမီးများ အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ သိဒ္ဓိအစီအရင် ဆောင်ရွက်မှုများ၊ သစ္စာပြု အဓိဌာန် တိုင်တည် ဆုတောင်းခြင်းများ၊ အလျှင်အမြန် အကျိုး ဖြစ်ထွန်းလိုသော ကုန်ပစ္စည်း သိုလှောင်မှု၊ သင်္ဘော ရေချမှု၊ ရေထွက်ပစ္စည်းများ ရောင်းဝယ် ဖေါက်ကားမှု၊ ပုလဲရှာဖွေ ထုတ်လုပ်မှု၊ ရေနံနှင့် ရေတွင်း ရေကန် တူးဖော်မှု၊ အရည်နှင့် ပတ်သက်သော ကုန်ပစ္စည်း မိတ်ဆက် ဖြန့်ဖြူးသည့် ကိစ္စရပ်များ၊ လေလံနှင့် ယှဉ်ပြိုင်ရသော ကိစ္စရပ်များ၊ ထီကံစမ်းမှု၊ ကျောက်မျက်ရတနာ တူးဖော်မှုနှင့် အရောင်းဆိုင် ဖွင့်လှစ်မှု၊ ကောက်ပဲသီးနှံ စတင်စိုက်ပျိုးမှု ကိစ္စများ ဆောင်ရွက်နိုင်သည်။ ကံကောင်းဂဏန်း- ၂၊ ၆၊ ၎
တနင်္ဂနွေသားသမီးများ
အတိုက်အခံ ပဋိပက္ခ ပြဿနာများ စိတ်ပင်ပန်းမှု များပြား ပြင်းထန်ချိန် ဖြစ်သည်။
တနင်္လာသားသမီးများ
ငွေကြေး အစုလိုက် အပုံလိုက် ရရှိတတ်ပြီး ထီကံစမ်း ပေးသင့်ချိန် ဖြစ်သည်။
အင်္ဂါနေ့သားသမီးများ
ကျန်းမာရေး အညံ့နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများ တွေ့ကြုံတတ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
အကြံအစည် ရည်မှန်းချက်များ ပြည့်စုံ အောင်မြင်ပြီး ဘုန်းကံသြဇာ မြင့်မားလာမည့် အချိန်ကာလ ဖြစ်သည်။
ကြာသာပတေးနေ့သားသမီးများ
လုပ်ငန်းတွင် ကောင်းမွန်သောတိုးတက် ပြောင်းလဲ အောင်မြင်မှုများ တွေ့ကြုံလာမည်။
သောကြာနေ့သားသမီးများ
မိသားစုနှင့် ပတ်သတ်၍ လုပ်ငန်းပိုင်း စီးပွားရေးပိုင်း အကျိုးရှိ အောင်မြင်လာမည်။
စနေနေ့သားသမီးများ
အိမ်တွင်းရေးပိုင်း ဆိုင်ရာ အတိုက်အခံ ပဋိပက္ခ ပြဿနာများ တွေ့ကြုံမည့် ကာလ ဖြစ်သည်။
ရာဟုနေ့သားသမီးများ
မိမိ ကြိုးပမ်း ကြံစည် ပုံဖော်မှုများ၌ အခက်အခဲများ ရင်ဆိုင်ရချိန် ဖြစ်သည်။
| တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ အနက် |
| တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အပြာနု၊ အစိမ်းနု |
| အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ အစိမ်းနု၊ ဆင်စွယ် |
| ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ ဆင်စွယ်၊ အပြာနု |
| ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အဖြူ |
| သောကြာသားသမီးများ ၀တ်ဆင်ရန် | အပြာနု၊ အ၀ါ၊ ဆင်စွယ် |
| စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ ခရမ်း |
| ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ အနက် |
No comments:
Post a Comment