မကွေးတောင်ခွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်
မကွေးမြို့နယ်၊ တောင်ခွင်ကျေးရွာအုပ်စု၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက် ၁၀ နာရီတွင် အဆိုပါ ပါတီရုံးရှေ့၌ ကျင်းပကြောင်း သိရသည်။
ပါတီဆိုင်းဘုတ်တင်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် မကွေးတိုင်းဒေ သကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သိန်းကျော် နှင့် တောင်ခွင်ကျေးရွာအုပ်စု မကြီးကန်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး ဦးဌေးနိုင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆိုင်းဘုတ်တင် အခမ်းအနားသို့ တောင်ခွင်ကျေးရွာအုပ်စု ရပ်မိရပ်ဖများ၊ ပါတီစည်းရုံးရေးမှူးများ နှင့် ပါတီဝင်အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
p.jpg)
No comments:
Post a Comment