ပီအက်စ်ဂျီ အသင်းအတွက် အီဘရာဟီမိုဗစ် ပြန်ကစားပေးနိုင်မယ့် သတင်း

ပီအက်စ်ဂျီ တိုက်စစ်မှူး ဇလေတန်အီဘရာဟီမိုဗစ်ဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲမှာ ရတဲ့ဒဏ်ရာကြောင့် (၁)လကျော် အနားယူခဲ့ရရာကနေ အခုတစ်ပတ်အတွင်း အသင်းအတွက် ပြန်ကစားနိုင်တော့မယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးညမှာ စတိတ်ဒီရန်းနက်စ်အသင်းနဲ့ ကစားရမှာပါ။ အဲဒီပွဲနိုင်ရင် ပြင်သစ်လိဂ် အမှတ်ပေးဖလားကို (၂)ရာသီဆက် ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ပွဲမတိုင်ခင် အင်္ဂါနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပီအက်စ်ဂျီနည်းပြ လောရင့်ဘလန့်က အခုလို ပြောပါတယ်။ သူက ’’အီဘရာဟီမိုဗစ် လေ့ကျင့်ခန်း ပြန်ဆင်းတာ (၃)ရက်ပဲ ရှိသေးတာကို မေ့ထားလို့ မရပါဘူး။ ဒါပေမယ့် အသင်းမှာ ပျော်နေသူဖြစ်တဲ့အတွက် ရန်းနက်စ်နဲ့ ပွဲအတွက် လေ့ကျင့်ခန်း ဆင်းနေရတာကိုလည်း သူကျေနပ်နေမှာပါ’’လို့ ပြောပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ အီဘရာဟီမိုဗစ် မပါနိုင်တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး(၆)ပွဲမှာ (၂)ပွဲရှုံးခဲ့ပါတယ်။
No comments:
Post a Comment