လေကြောင်းရန် ကာကွယ်ရေး စနစ်သစ် တစ်ရပ် အီရန် စမ်းသပ်
အီရန်နိုင်ငံသည်
ခေတ်မီတိုက်ခိုက်ရေး လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ် အမျိုးမျိုးကို
ဖျက်ဆီးနိုင်စွမ်း ရှိသော လေကြောင်းရန် ကာကွယ်ရေးစနစ်သစ် Mersad ကို မေ ၎
ရက် တွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု
သိရသည်။
Mersad စနစ်ပစ်မှတ်အား ကြားဖြတ်
တိုက်ခိုက်ရေး စွမ်းရည် ပိုမိုကောင်းမွန်သော လေကြောင်းရန် ကာကွယ်ရေးစနစ်
ဖြစ်ကြောင် ၎င်း၏ရေဒါသည် ပြည်ပနိုင်ငံ များမှ ရေဒါများနှင့် နှိုင်းယှဉ်ပါက
ပိုမိုကျယ်ပြန့်စွာ ထောက်လှမ်းနိုင်ကြောင်း အီရန်နိုင်ငံ Khatam 01- Anbia
လေကြောင်းရန် ကာကွယ်ရေး အခြေစိုက်စခန်း အကြီးအကဲ ဗိုလ်မှူးချုပ် Farzad
Esmayeel ကပြောကြား ခဲ့သည်။
၂ဝ၁၃ ခုနှစ် နိုဝင်ဘာလတွင် အီရန်ကာကွယ်ရေး
ဝန်ကြီး ဗိုလ်မှူးချုပ် Hossein Dehquan က Talash ဟု အမည်ပေးထားသော
လေကြောင်းရန် ကာကွယ်ရေးစနစ်အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း
ထုတ်ပြန် ကြေညာထားသည်။ အဆိုပါစနစ်သည် တိုက်လေယာဉ်များ နှင့်
ဗုံးကြဲလေယာဉ်များ အပါအဝင် ပျံသန်း နေသော ပစ်မှတ်များအား
တိုက်ခိုက်နိုင်သော တာလတ်ပစ်နှင့် အမြင့်ပျံလေကြောင်းရန် ကာကွယ်ရေးစနစ်
ဖြစ်ကြောင်းနှင့် မောင်းသူမဲ့ လေယာဉ်များနှင့် ရဟတ်ယာဉ်များကိုလည်း
ဖျက်ဆီးနိုင် စွမ်း ရှိကြောင်းသိရ သည်။
No comments:
Post a Comment