Monday, May 26, 2014

ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ ရန်ပုံငွေ အတွက် ဖျော်ဖြေ ပွဲပြုလုပ်မည်

ဘုန်းတော်ကြီး၊ သီလ ရှင်သင်ပညာရေးကျောင်းများ ရန်ပုံငွေအတွက် ပြုလုပ်မည့် ဖျော် ဖြေပွဲတွင် အမျိုးသားအဆိုတော် တစ်ဦး၊ ခေတ်နှစ်ခေတ်တွင် အောင်မြင်နေသော အမျိုးသမီး အဆိုတော်လေးဦး တို့ ဖျော်ဖြေ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အဆိုပါဖျော်ဖြေပွဲကို ဇွန်လ ၁၄ ရက်တွင် အမျိုးသားကဇာတ် ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး မေခလာ၊ မေဆွိ၊ အာဇာနည်၊ ချမ်းချမ်း၊ နီနီ ခင်ဇော်တို့က ဖျော်ဖြေမည်ဖြစ်သည်။ ယခုပွဲကို ဂျပန်နိုင်ငံက ဦးစီး ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲမှရရှိ လာမည့် ၀င်ကြေးများကို ဘက ကျောင်း ၁၀ ကျောင်းသို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်များကို အများဆုံး ကျပ်သုံးသောင်းမှအနည်းဆုံး ကျပ်ခုနစ်ထောင်ထိ သတ်မှတ်ထားပြီး မန်းသီရိတေးသံသွင်း၊ တော်ဝင်စင်တာတို့တွင် ၀ယ်ယူနိုင်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top