Friday, May 9, 2014

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး သာပေါင်းမြို့ ဘုရားကြီးရွာ အကျော် ဇေယျ ပဿထ စေတီတော် ပြန်လည်မွမ်းမံနေမှု လိုအပ်သည်များ ဖြည့်ဆည်းပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးသည် မေလ(၃) ရက်နေ့ ညနေ(၃) နာရီအချိန်တွင် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း၊ မဲဆန္ဒနယ်အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် အလုပ်အမှုဆောင် များ၊ သာပေါင်းမြို့ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ ဟင်္သာတမြို့နယ်၊ သာပေါင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ လူမှုရေး အသင်းအဖွဲ့များ လိုက်ပါလျက် သာပေါင်းမြို့နယ်၊ ဘုရားကြီးရွာ၊ နံ့သာလင်း ကုန်းတော်ရှိ ရှေးဟောင်းသမိုင်းဝင် အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး သို့ ရောက်ရှိပြီး ရှေးဦးစွာ ကျိုက်အ၀ှမ်းကျောင်းတိုက် ဆရာတော် ဦးသာသန အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဖူးမြော်ကြည်ညိုသည်။





ဆက်လက်၍ အကျော်ဇေယျပဿစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို အငယ်တန်းအင်ဂျင်နီယာ ဦးဝင်းသန်းဦးက ရှင်းလင်းတင်ပြ သည်။
၎င်းနောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဆက်လက်ဆောင်ရွက်ရန် လိုအပ် ချက်များအား မေးမြန်းပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့် အဖွဲ့သည် စေတီတော်မြတ်ကြီး ပြန်လည် ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top