Monday, May 26, 2014


ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ရုံး ဆိုင်းဘုတ်တင်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ ရပ်ကွက်ပါတီရုံး ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉း၃၀) အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည် ။




အဆိုပါ ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲသို့ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါက်တာ ခင်မောင်ထွန်း၊ မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်စန်းစန်းဝင်း၊ မြို့နယ်အတွင်းရေးမှူး ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ခေါင်းဆောင်များနှင့် ပါတီကော်မတီဝင်များ အင်အား (၅၀)ခန့် တက်ရောက်ခဲ့ပါသည်။

No comments:

Post a Comment

back to top