ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် တမူးမြို့နယ်
ပါတီကော်မတီ ၀င်များနှင့် တွေ့ဆုံခြင်းနှင့် ခမ်းပါတ်မြို့နယ်
လူငယ်တွေ့ဆုံပွဲတက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ) သူရ ဦးအေးမြင့်သည် ၂၀၁၄ ခုနှစ်၊ မေလ(၁၉)ရက်နေ့၊ နံနက် (၁၀) နာရီတွင် ခမ်းပါတ်မြို့ လူငယ် တွေ့ဆုံပွဲ အခမ်းအနားနှင့် နေ့လည် (၁) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် ပါတီရုံးတွင်ကျင်းပသော တမူး မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားတို့ကို တက်ရောက်၍ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဒေါက်တာ ၀င်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ တိုင်းဒေသ ကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးအောင်ဇော်ဦး (တိုင်း ဒေသကြီး လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး)၊ ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော်မတီဝင်)နှင့် ကလေး ခရိုင်နှင့် တမူးမြို့နယ်တို့မှ ပါတီကော်မတီဝင် များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲများတွင် ခမ်းပါတ်မြို့နေ ချင်းလူငယ်များနှင့် တမူးမြို့နယ် ပါတီကော် မတီဝင်များမှ မိမိတို့ စည်းရုံးရေးနယ်မြေအလိုက် စည်းရုံးရေးလုပ်ငန်း ဆောင် ရွက်ထားမှု အခြေအနေများကို တင်ပြ ဆွေးနွေးကြပြီး ပါတီဒုတိယဥက္ကဋ္ဌမှ ပါတီစည်းရုံးရေးရ ကိစ္စရပ်များနှင့် စည်းရုံးရေး နည်းလမ်း ကောင်းများကို လမ်းညွှန်ပြသ ဆွေးနွေးကာ ဒေသအတွက် လိုအပ်သည်များကိုလည်း ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ခမ်းပါတ်မြို့ လူငယ်ခန်းမ တည်ဆောက်ရေး အတွက် ဘိလပ်မြေ (၂၀၀)အိတ်၊ ဘုက္ကန် လူငယ်ခန်းမ တည်ဆောက်ရေး အတွက် ဘိလပ်မြေ (၂၀၀)အိတ်၊ တမူးမြို့နယ် ပရဟိတ ဘုန်းကြီး ကျောင်း တည်ဆောက်ရေးအတွက် ဘိလပ်မြေ(၁၀၀)အိတ်၊ ခရစ္စယာန် ကျောင်း များ တည်ဆောက်ရေးအတွက် ဘိလပ်မြေ(၃၀၀) အိတ် စုစုပေါင်း ဘိလပ်မြေ (၈၀၀) အိတ်နှင့် အားကစား ပစ္စည်းများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ သုတရသ ဂျာနယ်စာစောင်များနှင့် ပြက္ခဒိန်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


No comments:
Post a Comment