Friday, May 23, 2014



တောင်ကိုရီးယား ၀န်ကြီးချုပ်ဟောင်းအဖြစ် တရားသူကြီးဟောင်း တစ်ဦးကို အမည်တင်သွင်း

တောင်ကိုရီယားနိုင်ငံ၌ လွန်ခဲ့သည့်လက ကူးတို့ သင်္ဘောနစ်မြုပ်မှုဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်ပေးသည့် ၀န်ကြီးချုပ် ချန်ဟောင်ဝမ်၏ နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် သမ္မတပတ်ကွမ်ဟိုင်းက တရားရုံးချုပ်တရားသြူ့ကီးဟောင်းတစ်ဦးကို အမည်စာရင်းတင်သွင်း လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မေ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံ၌ ကူးတို့သင်္ဘောနစ်မြှုပ်မှု ဖြစ်ရပ်ကြောင့် သမ္မတပတ်၏ အစိုးရအဖွဲ့ မှာ ဝေဖန်ခံရမှုများနှင့် တွေ့ကြုံခဲ့ရပြီး  လာမည့်ဒေသန္တရရွေးကောက်ပွဲများတွင် ၎င်း၏ပါတီ အောင်ပွဲခံနိုင်မှု ထိခိုက်ရဖွယ်ရှိကြောင်း နိုင်ငံရေးဆန်းစစ်သူများက ပြောကြားကြသည်။
ဝန်ကြီးချုပ် ချန်ဟောင်ဝမ်သည် လွန်ခဲ့သည့်လက နုတ်ထွက်စာတင်ခဲ့ရာ ၎င်း၏နေရာတွင် အစားထိုးခန့်အပ်နိုင်ရန် တရားသူကြီးဟောင်း အန်းဒိုင်ဟီး (၅၉) နှစ်အား အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်သည်။ ဧပြီ ၁၆ ရက်က တူးတို့သင်္ဘောနစ်မြုပ် မှု ဖြစ်ပွားခဲ့ရာ တွင် ကျောင်းသူ၊ ကျောင်းသား အများစုဖြစ်သည့် လူပေါင်း ၃၀၀ ခန့်သေဆုံးခဲ့ရသည်။
အန်းဒိုင်ဟီးသည် အစိုးရဌာနများ ပြုပြင်ပြောင်းလဲနိုင်ရန်လည်းကောင်း၊ နိုင်ငံတော်က ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ အကောင်အထည်ဖော်ရာတွင်လည်းကောင်း စွမ်းဆောင်ရည်ရှိသည့် ပုဂ္ဂိုလ်အဖြစ် သမ္မတက ယုံကြည်ယူဆကြောင်း သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ မင်ကွမ်စူးက ပြောကြားသည်။
ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရအား ဝေဖန်မှုများပေါ်ထွက်ခဲ့ပြီးနောက် အမျိုးသားထောက်လှမ်းရေးဌာန အကြီးအကဲ နမ်ဂျေဂွန်းနှင့် အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ကင်ယန်စူးတို့ကလည်း ရာထူးမှ နုတ်ထွက်စာများအသီးသီးတင်သွင်းခဲ့ကြသည်။

No comments:

Post a Comment

back to top