တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန် ကာကွယ်ရေး ဝန်ကြီးများ စင်ကာပူ နိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးမည်
တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်ကာကွယ်ရေး ဝန်ကြီးများသည် မေ ၃ဝ ရက်မှ ဇွန် ၁ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ၏သီးခြား ဆွေးနွေးပွဲအဖြစ် တွေ့ဆုံ ဆွေးနွေးသွား မည် ဖြစ်ကြောင်းနှင့် မြောက် ကိုရီးယား၏ နျူကလီးယား အစီအစဉ်အား ကိုင်တွယ်ဖြေရှင်း ရာ၌ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟု မျှော်မှန်းထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။
တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်ကာကွယ်ရေး ဝန်ကြီးများသည် နှစ်စဉ်ပြုလုပ်သော အာရှလုံခြုံရေး ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း၊ ယခုနှစ် ဆွေးနွေးပွဲတွင်လည်း တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်အထိ အဆိုပါ ဆွေးနွေးပွဲတွင် သီးခြားဆွေးနွေး မည့်ကိစ္စ ရပ်များ မရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ အာရှလုံခြုံရေးဆိုင်ရာ ထိပ်သီး ဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီး ကင်ကွမ်ဂျင်းက တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက် ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တောင်ကိုရီးယား နိုင်ငံအနေဖြင့် အဆိုပါ အစည်းအဝေးတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်လ်၊ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ချန်ဝမ်ကွမ်တို့နှင့် တစ်ဦးချင်း တွေ့ဆုံနိုင်ရေး ကြိုးပမ်းလျက် ရှိသော်လည်း လက်ရှိအချိန်အထိ ဂျပန်နိုင်ငံနှင့် သီးခြားဆွေးနွေးမည့် အစီအစဉ် မရှိသေး ကြောင်း သိရသည်။
No comments:
Post a Comment