ဇူလိုင်လတွင် အထွေထွေ
ရွေးကောက်ပွဲ ကျင်းပရန် ထိုင်းယာယီ ဝန်ကြီးချုပ်နှင့် ရွေးကောက်ပွဲ ကော်မတီ
သဘောတူညီမှု ရရှိ
ထိုင်းယာယီ ဝန်ကြီးချုပ်နှင့်
ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တို့သည် ဇူလိုင်လတွင် အထွေ ထွေ ရွေးကောက်ပွဲ တစ်ရပ်
ကျင်းပရေးနှင့် စပ်လျဉ်း၍သဘောတူညီမှု ရရှိခဲ့သော်လည်း
အစိုးရ အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ ရွေးကောက်ပွဲနှင့် ဆိုင်သော
ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင် ရန် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများက
တောင်းဆိုခဲ့သည်ဟု သိရသည်။
ထိုင်းယာယီ ဝန်ကြီးချုပ်နှင့်
ရွေးကောက်ပွဲ ကော်မရှင်သည် ဇူလိုင် ၂ဝ ရက်တွင် ရွေးကောက်ပွဲ ကျင်းပရန်
သဘောတူခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပရေးနှင့် စပ်လျဉ်း၍ ထိုင်းဘုရင်ထံမှ
အတည်ပြုချက် ရယူ၍ တော်ဝင်အမိန့် တစ်ခု ပြဋ္ဌာန်းရန် အစိုးရ အဖွဲ့ဝင်များကို
ရွေးကောက် ပွဲ ကော်မရှင် က တောင်းဆို သွားမည် ဖြစ်ကြောင်း အဆိုပါ ပွဲကော်မရှင်၏
အထွေထွေ အတွင်းရေးမှူးချုပ် ပူချုန်နူထရာဝမ်က ရင်လပ်ရှင်နာဝပ်
ထရာနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ရိုက်တာ သတင်းဌာနကို
ပြောကြားခဲ့သည်။
သို့သော် အဆိုပါ ရွေးကောက်ပွဲတွင်
ထိုင်းနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီတစ်ခု ဖြစ်သော ဒီမိုကရက်တစ် ပါတီ ပါဝင်ခြင်း
ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ ၎င်းပါတီက အတိအကျ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
No comments:
Post a Comment