တစ်ဖက်သတ် လုပ်ရပ်များကို ရှောင်ရှားကြရန် အစ္စရေးနှင့် ပါလက် စတိုင်းအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း ပြောကြား
အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား
စေ့စပ် ဆွေးနွေးမှုများ ပြန်လည် စတင်ရာတွင် အနှောင့် အယှက်အဟန့် အတား ဖြစ်စေမည့်တစ်ဖက်သတ်ကျသော လုပ်ရပ်များကို
ရှောင်ရှား ပြီး တွေးခေါ် မြော်မြင်မှုများဖြင့် ဆောင်ရွက်ကြရန် ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မေ ၁ ရက်တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း
သိရသည်။
ငြိမ်းချမ်းရေး မိတ်ဖက်များအဖြစ်
ခံယူ၍ နှစ်ဖက်စလုံး ပြုမူဆက်ဆံ ဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာ အသိုက်အဝန်းသို့
ပြီးပြည့်စုံသော ငြိမ်းချမ်းရေးတစ်ရပ်ကို အသိအမှတ်ပြုရန် အတွက် ကတိပြုထားမှုမှာ
ကြာမြင့်နေပြီ ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့ပါ သည်။
ထို့အပြင် အဓိပ္ပာယ် ပြည့်ဝစွာ
ရှေ့ဆက် ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ရပ်အား ရှာဖွေ နိုင်ရန် အပြု သဘောဖြင့်
ဆောင်ရွက်ရမည် ဖြစ်ကြောင်း သက်ဆိုင်သော နိုင်ငံများအား ဘန်ကီမွန်းက မေတ္တာရပ်ခံ
တိုက်တွန်း ခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင်
အဖွဲ့ဝင် နိုင်ငံများက အစ္စရေးနှင့် ပါလက်စတိုင်းတို့အား ငြိမ်းချမ်းရေး ဆွေးနွေး
ပွဲများ ပြန်လည် စတင်ရန်နှင့် ပတ်သက်၍ ဧပြီ ၃ဝ ရက်က တစ်ရက်ကြာ
စကား စစ်ထိုးမှု ပြုလုပ်ခဲ့ပြီးနောက် ဘန်ကီမွန်း ၏ အဆိုပါ တိုက်တွန်းပြောကြားချက်ပေါ်
ထွက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment