Monday, May 5, 2014


မြောက်ကိုရီးယား နိုင်ငံ၏ ဒုတိယ အမြင့်မားဆုံး စစ်ဘက်ဆိုင်ရာ အရာရှိကြီး အဖြစ် ဟွမ်ပြုံဆိုကို ခန့်အပ်
မြောက်ကိုရီးယား အစိုးရသည် စစ်ဘက် အကြီးအကဲ တစ်ဦးဖြစ်သူ ဟွမ်ပြုံဆိုကို နိုင်ငံ၏ ဒုတိယ အမြင့်မားဆုံး စစ်ဘက်ဆိုင်ရာ အရာရှိကြီး အဖြစ် ခန့်အပ်ခဲ့ကြောင်းKCNA သတင်း အေဂျင်စီမှ မေ ၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။
ဟွမ် သည် ကိုရီးယား ပြည်သူ့ တပ်မတော်၏ အထွေထွေ နိုင်ငံရေး ဗျူရိုအဖွဲ့  ညွှန်ကြားရေးမှူး တာဝန်ကို   မေ  ၁  ရက်မှ စတင်၍  တရားဝင် ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
ဟွမ်သည် ယခင်က စစ်ဘက်ထိပ်တန်း အရာရှိကြီး တစ်ဦးဖြစ်သည့် ချိုရုံဟေး၏ နေရာကို ဧပြီ ၂၆ ရက်မှစ၍ ဆက်ခံခဲ့ဖွယ်ရှိပြီး ၎င်း၏ နေရာတွင် မည်သည့် အကြောင်းအရင်းကြောင့် အစားထိုး ခန့်အပ် ခဲ့ခြင်းနှင့် စပ်လျဉ်း၍ KCNA သတင်း အေဂျင်စီက ထုတ်ပြန် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။   




 


No comments:

Post a Comment

back to top