အမေရိကန် ပြည်ထောင်စုတွင် MERS ဗိုင်းရပ်စ်ပိုး ပထမဆုံး အကြိမ် ကူးစက်ခံရ
အမေရိကန် ပြည်ထောင်စုမှ ကျန်းမာရေး
အမှုထမ်း တစ်ဦးသည် MERS အမည်ရှိ ဗိုင်းရပ်စ်ပိုး တစ်မျိုး ပထမဆုံးအကြိမ် ကူးစက်
ခံခဲ့ရပြီးနောက် နိုင်ငံအတွင်း အဆိုပါ ရောဂါပိုး အလျင်အမြန်ကူးစက် ပျံ့နှံ့ လာမည်ကို
အာဏာပိုင်များက စိုးရိမ်ပူပန်လျက် ရှိကြောင်း အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့်
တားဆီး ကာကွယ်ရေး ဗဟိုဌာနက မေ ၂ ရက်တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
အမေရိကန် ပြည်ထောင်စုမှ အဆိုပါ
ကျန်းမာရေး အမှုထမ်းသည် ဆော်ဒီအာရေဗျ နိုင်ငံသို့ အလည်အပတ် သွားရောက် ခဲ့ပြီး
ဧပြီ ၂၄ ရက်တွင် အမေရိကန် ပြည်ထောင် စုသို့ ပြန်လည် ရောက်ရှိ လာခဲ့ကြောင်း၊
ထို့နောက် ယင်း အမျိုးသားသည် ဧပြီ ၂၇ ရက်တွင် အဖျားကြီးခြင်း၊ ချောင်းဆိုးခြင်း
အပါအဝင် အသက်ရှူ ကျပ်သည့် ရောဂါဝေဒနာ များကို ခံစား ခဲ့ရကြောင်း၊ ဆေးရုံသို့
သွားရောက်၍ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ၎င်းထံတွင် MERS ဗိုင်းရပ်စ်ပိုး တစ်မျိုး
ကူးစက် ခံနေရကြောင်း ဆရာဝန် များက အတည်ပြု ပြောကြား ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment