Wednesday, May 7, 2014

တရုတ်နိုင်ငံမှ မောင်းသူမဲ့ လေယာဉ် ဝယ်ယူရန် ဆော်ဒီအာရေဗျ လက်မှတ် ရေးထိုး

ဆော်ဒီအာရေဗျ နိုင်ငံသည် တရုတ်နိုင်ငံမှ အလယ်အလတ်ပျံတာဝေးသွား Pterodactyl II (Wing Loong) မောင်းသူမဲ့ လေယာဉ် ဝယ်ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Sal-man တရုတ်နိုင်ငံသို့ ဧပြီ လလယ်ပိုင်းက အလည်အပတ် သွားရောက်ခဲ့စဉ် တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Wang Guanzhong နှင့် အဆိုပါ မောင်းသူမဲ့လေယာဉ် ဝယ်ယူရေး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်အား အမေရိကန် နိုင်ငံ၏ MQ-1 Predator မောင်းသူမဲ့ လေယာဉ်၏ ပုံစံနှင့် အညီ ရေးဆွဲ ထုတ်လုပ်ထားခြင်းဖြစ်ပြီး မှာယူမည့် အရေအတွက် တိတိကျကျ မသိရှိရသေးကြောင်း သိရ သည်။
Wing Loong မောင်းသူမဲ့ လေယာဉ်အား တရုတ်နိုင်ငံ ချန်ဒူး လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ် ထားခြင်းဖြစ်ပြီး အလယ် အာရှဒေသတွင်းရှိ နိုင်ငံများအပါအဝင် ပြည်ပ လေးနိုင်ငံသို့ ရောင်း ချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top