လွပ်လပ်စွာကုန်သွယ်မှုတိုးမြှင့်ရေး အီးယူ-ဂျပန် ဆွေးနွေး
ဂျပန်ခေါင်းဆောင်များနှင့်
ဥရောပသမဂ္ဂခေါင်းဆောင်များက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးအတွက်
အရှိန်မြှင့် ဆွေးနွေးလိုကြကြောင်း ဘရပ်ဆယ်မြို့ ၌ တွေ့ဆုံ စဉ်ပြောကြားသည်။
ဖွံ့ဖြိုးတိုးတက်မှုနှင့်အလုပ်အကိုင်များ
ဖန်တီးပေးနိုင်မည့် အီးယူ-ဂျပန် လွတ်လပ်စွာ ကုန်သွယ်မှု သဘော တူညီချက်သည် အလွန်အရေးပါသည့်
ညှိနှိုင်းဆွေးနွေးမှုတစ်ခုဖြစ်သည့်အတွက် အရှိန်မြှင့် ဆွေးနွေး ရမည်ဖြစ်ကြောင်း အီးယူကော်မရှင်
ဥက္ကဋ္ဌ ဂျို့မန်နူရယ် ဘာရိုဆိုက မေ ၇ ရက်တွင် ဘရပ်ဆယ်မြို့ ၌ ပြောကြားသည်။
ဘရပ်ဆယ်မြို့သို့
ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်
ပတ်သက်၍ အရေးပါကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့သည်။
ဂျပန်နှင့်
ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံတို့သည် ကမ္ဘာ့စီးပွားရေး၏ ကုန်ထုတ်လုပ်မှုတွင် ထိပ်တန်း ကုန်တင်ပို့မှုနှင့်
ကုန်ထုတ်လုပ်မှုတွင် သုံးပုံတစ်ပုံကျော် တင်ပို့ထုတ်လုပ်နိုင်စွမ်း ရှိကြသည့် နိုင်ငံ များဖြစ်ကြသည်။
အီးယူ-ဂျပန်
လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုရေးကို လွန်ခဲ့သည့်နှစ်ကတည်းက စတင်အကောင် အထည်ဖော်ခဲ့သော်လည်း
အခက်အခဲအချို့ ရှိနေဆဲဖြစ်သည့်အတွက် အဆုံး မသတ်နိုင်သေးပေ။
No comments:
Post a Comment