Wednesday, May 7, 2014


၂ဝ၁၄ ခုနှစ်မကုန်မီ ဆီးရီးယား နိုင်ငံသို့ လေ့ကျင့်ရေး ဂျက်တိုက်လေ ယာဉ်များ ရုရှား ပေးအပ်မည်
ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံသို့ ၂ဝ၁၄ ခုနှစ်မကုန်မီYakovlev Yak-130 လေ့ကျင့်ရေး ဂျက်တိုက် လေယာဉ်များ ပထမဆုံးအသုတ် ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် သဘောတူ စာချုပ်အရ ၂ဝ၁၆ ခုနှစ် အတွင်း ၃၆ စင်း ပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ အနေဖြင့် ယခုနှစ် အကုန်တွင် ဂျက်တိုက်လေယာဉ် ကိုးစင်း ရရှိမည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်၌ ၁၂ စင်းနှင့် ၂ဝ၁၆ ခုနှစ် အတွင်း ၁၅ စင်း အသီးသီး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆီးရီးယား နိုင်ငံသည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ၌ လက်မှတ် ရေးထိုးခဲ့သည့် သဘောတူ စာချုပ်အရ Yak-130 ဂျက် တိုက်လေယာဉ် ခြောက်စင်း ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းနှင့် Yak-130 ဂျက် တိုက်လေယာဉ်များအား အင်ဂျင်နှင့် အီလက်ထရွန်နစ် နည်းပညာ ဆိုင်ရာ တပ်ဆင်ရေး အတွက် နိုင်ငံရေး ဆုံးဖြတ်ချက် တစ်ရပ်အား စောင့်ဆိုင်းနေပြီး ဆုံးဖြတ်ချက် ရရှိပါက ဆီးရီးယား နိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ဆီးရီးယား နိုင်ငံသည် ၂ဝ၁၁ ခုနှစ် မတ်လမှ စတင်၍ နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများနှင့်  ရင်ဆိုင် ရလျက်ရှိပြီး ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယားနိုင်ငံသို့ ကာကွယ်ရေး လက်နက်များ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top