Monday, May 5, 2014


အာဖရိကတိုက်တွင် ဒီမိုကရေစီစနစ် အားကောင်း လာအောင် ဆောင် ရွက်ရန် ဂျွန်ကယ်ရီတိုက်တွန်း
အာဖရိက တိုက်ရှိ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရန် အမေရိကန်နိုင်ငံက အသင့်ရှိနေသော်လည်း အာဖရိကတိုက်တစ်ဝန်း နိုင်ငံများမှာ ၎င်းတို့၏ ပြည်သူများအတွက် ဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် လုံခြုံမှု ရှိရေး ပိုမိုအားကောင်းစွာ ဆောင်ရွက်ရန် လိုအပ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မေလ ၃ ရက်တွင် တိုက်တွန်းလိုက်သည်။
နိုင်ဂျီးရီးယား၊ တောင်ဆူဒန်၊ဆိုမာလီယာနှင့် ဗဟိုအာဖရိက နိုင်ငံတို့တွင် ဖြစ်ပွားနေသော ပြဿနာများကို ဂျွန်ကယ်ရီက ထောက်ပြပြီး အာဖရိကတိုက်သားများ တည်ငြိမ်အေးချမ်းမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု တောင်းဆိုကြရန် တိုက်တွန်းလိုက်သည်။
အာဖရိကတိုက်တွင် အမေ ရိကန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် ဂျွန်ကယ်ရီ က တိုက်တွန်းလိုက်ပြီး အာဖရိက တိုက်တစ်ဝန်း လုပ်ငန်းစဉ်များ တွင် အမေရိကန်ကုမ္ပဏီများဖြစ် သည့် အိုင်ဘီအမ်၊ မိုက်ကရို ဆော့ဖ်နှင့် ဂူးဂဲလ်ကုမ္ပဏီတို့က ကန်ဒေါ်လာ သန်း ၁၀၀ ကျော်အသုံးပြု ပြီးဖြစ် သည်ဟု ၎င်းက ပြောသည်။
သမ္မတအိုဘားမား၏ အစိုးရမှာ အာဖရိကတိုက်ရှိ အမေရိကန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ ရန် ကြိုးပမ်းနေပြီး အာဖရိကတိုက်တစ်ဝန်းရှိ အမေရိကန်စီးပွားရေး လုပ်ငန်းများကို ကူညီရန် ယမန် နှစ်က ကန်ဒေါ်လာ တစ်ဘီလီယံ ထောက်ပံ့ကူညီခဲ့သည်။
လာမည့် သုံးနှစ်အတွင်း အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၅၄ နိုင်ငံအနက် ၃၇ နိုင်ငံမှာ ရွေး ကောက်ပွဲ ကျင်းပကြမည်ဖြစ် သဖြင့် နိုင်ငံရေးနှင့်ဆိုင်သော အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ကြရန် ဂျွန်ကယ်ရီက တိုက်တွန်း သည်။
ယင်းအကျင့်ပျက်ခြစားမှု များကြောင့် အာဖရိကတိုက်ရှိ ပြည်သူများကို ကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျစေသည် ဟု အာဖရိကသမဂ္ဂက ပြော သည်။
ယင်းငွေများဖြင့် ဆေးရုံ သစ်၊ စာသင်ကျောင်းသစ်များ၊ လမ်း၊ တံတားသစ်များနှင့် ပိုက်လိုင်းအသစ်များ၊ လျှပ်စစ် ဓာတ်အားလိုင်း အသစ်များ ဆောက်လုပ်နိုင်သည်ဟု ဂျွန်ကယ်ရီက ပြောကြားပြီး ရာသီ ဥတု ပြောင်းလဲခြင်း၏ အန္တရာယ် ကိုလည်း သတိပေးပြောကြားသည်။

No comments:

Post a Comment

back to top