Balikatan အမည်ရှိ အကြီးစား စစ်ရေး လေ့ကျင့်ခန်း အမေရိကန်နှင့် ဖိလစ်ပိုင်တို့ စတင် ပြုလုပ်
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံ
တို့သည်နှစ်ပတ်ကြာ ပြုလုပ်မည့် Balikatan အမည်ရှိ အကြီးစား စစ်ရေး လေ့ကျင့်ခန်းအား
တပ်ဖွဲ့ဝင် ၅ဝဝဝ ကျော်ဖြင့် မတ် ၅ ရက်တွင် စတင်ပြု လုပ်ခဲ့ကြောင်း အဆိုပါ စစ်ရေး
လေ့ကျင့်ခန်းသည် နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သော လေ့ကျင့်ခန်းများ အနက် အကြီးဆုံး စစ်ရေးလေ့ကျင့်ခန်း
ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှ တပ်ဖွဲ့ဝင် ၃ဝဝဝ ခန့်နှင့် အမေရိကန် နိုင်ငံမှ
တပ်ဖွဲ့ဝင် ၂၅ဝဝ ခန့် ပါဝင်လေ့ကျင့် သွားမည်ဖြစ်ကြောင်း အမေရိကန်နှင့် ဖိလစ်ပိုင်
စစ်ဘက် တာဝန်ရှိသူများက ၎င်း စစ်ရေးလေ့ကျင့်ခန်း ဖွင့်ပွဲ အခမ်းအနားတွင်
ပြောကြားခဲ့သည်။
လေ့ကျင့်ခန်းတွင် ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ်တုံ့ပြန်ဖြေ ရှင်း ဆောင်ရွက်ရေး လှုပ်ရှားမှုများအား အဓိက ထား ဆောင်ရွက်သွားမည်
ဖြစ်ပြီး တောင်တ ရုတ်ပင်လယ် ဆိုင်ရာ အငြင်းပွားမှုများ အတွက် တရုတ်နိုင် ငံ၏
စိုးရိမ်ပူပန်မှုကို မြင့်တက်စေမည့် စစ်ရေး လေ့ကျင့်ခန်း များ ပြုလုပ်သွားမည်
မဟုတ်ကြောင်း အမေရိကန်နှင့် ဖိလစ်ပိုင် တာဝန်ရှိသူများက ပြောကြား ခဲ့သည်။
အဆိုပါ စစ်ရေး လေ့ကျင့်ခန်းအား
တောင်တရုတ်ပင်လယ်စွန်းရှိ ဇမ်ဘာလက်စ်နှင့် ပါလာဝမ်ပြည်နယ်တို့ အပါအဝင်
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်းနှင့် မြောက်ပိုင်း စစ်စခန်းများတွင်
ပြုလုပ်သွားမည် ဖြစ်ပြီး ပင်လယ် ရေကြောင်း စောင့်ကြည့် ထောက်လှမ်းရေး
လေ့ကျင့်ခန်းများ၊ ကျည်စစ်ကျည်မှန်ဖြင့် ပစ်ခတ် လေ့ကျင့်မှုများ၊ လက်ပစ်ဗုံး
ကိုင်တွယ် ပစ်ခတ်ခြင်းနှင့် လူအများအပြား သေကျေမှုအား တုံ့ပြန် ဆောင်ရွက်မှု
လေ့ကျင့်ခန်းများ လေ့ကျင့်သွားမည် ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ထုတ်ပြန်
ကြေညာခဲ့သည်ဟု သိရသည်။
No comments:
Post a Comment