အမေရိကန်- ဥရောပသမဂ္ဂ
ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုရေး အိုဘားမားနှင့် အိန်ဂျဲလာ မာကယ်လ် သဘော တူညီမှု
ရရှိ
အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့်
ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်လ် တို့သည် အမေရိကန် ပြည်ထောင်စု၏ တရားမဝင်
ထောက်လှမ်းရေး အစီအစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံကြား သဘောထား
ကွဲလွဲချက်များ ရှိနေ သေးသော်လည်း ကုန်သွယ်ရေးနှင့် ပတ်သက်၍မူ နှစ်နိုင် ငံ
ခေါင်းဆောင်များ အကြား သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။
မဟာမိတ် နိုင်ငံများ အပေါ်
အမေရိကန်အမျိုးသား လုံခြုံရေး အေဂျင်စီ၏ ထောက်လှမ်းမှုနှင့် ပတ်သက်၍
နှစ်နိုင်ငံကြားတွင် ယနေ့အချိန်အထိ သဘောထား ကွဲလွဲချက်များ ရှိနေသေး သော်လည်း
မိမိတို့ အနေဖြင့် Transatlantic Trade and Investment Partnership ဟု အမည် ပေးထားသည့်
အမေရိကန်- ဥရောပသမဂ္ဂ ကုန်သွယ်ရေး စာချုပ်တစ်ခုကို ချုပ်ဆို သွားရန်
ကတိပြုခဲ့ကြောင်း အိုဘားမားနှင့် မာကယ်လ်တို့ နှစ်ဦး စလုံးက ပြောကြားသည်။
အဆိုပါ ကုန်သွယ်ရေး
စာချုပ်သည် နှစ်ဖက် အဖွဲ့အစည်း အကြား စေ့စပ် ညှိနှိုင်းမှု ရရှိနိုင်ရန် အတွက် အလွန်
အရေးပါသည့် စာချုပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းစာချုပ်သည် ဥရောပ
သမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု တို့၏ စီးပွားရေးကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ
၁ဝဝ ဘီလီယံကျော်ခန့် တိုးပွားစေနိုင်ကြောင်း၊ သို့ရာတွင် စားနပ် ရိက္ခာ
လုံခြုံမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍မူ စိုးရိမ်စရာများ
ရှိနေကြောင်း အဆိုပါ စာချုပ်နှင့် ပတ်သက် ၍ ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်း
တစ်ခုတွင် မာကယ်လ်က ပြောကြားသည်။

No comments:
Post a Comment