Wednesday, May 7, 2014


ဆီးရီးယား ရွေးကောက်ပွဲ မဲပေးမှုများ လေ့လာရန် ချစ်ကြည် ရင်းနှီးသည့် နိုင်ငံများအား ဖိတ်ကြား
ဇွန် ၃ ရက်တွင် ကျင်းပမည့် ဆီးရီးယားသမ္မတ ရွေးကောက်ပွဲသို့ တက်ရောက်ရန် အတွက် ဆီးရီးယား နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံ ၁၁ နိုင်ငံမှ ဥပဒေပြု အမတ်များအား ဆီးရီးယား လွှတ်တော်က မေ ၅ ရက်တွင် ဖိတ်ကြားခဲ့ကြောင်း သိရသည်။

လာမည့် ဆီးရီးယားသမ္မတ ရွေးကောက်ပွဲအား စောင့်ကြည့်ရေး အတွက် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တောင်အာ ဖရိက၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ ကျူးဘား၊ နီကာရာဂွါ၊ ဘိုလီးဗီးယား၊ အီကွေဒေါနှင့် အာမေးနီးယား နိုင်ငံများမှ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပါလီမန် အဖွဲ့ဝ င်များအား စေ လွှတ်ပေးရန် တောင်းဆိုခဲ့ ကြောင်းနှင့် အကယ်၍ ရွေးကောက်ပွဲသို့ ချစ်ကြည် ရင်းနှီးသော နိုင်ငံရေးသမားများနှင့် ကျွမ်းကျင်ပညာ ရှင်များ တက်ရောက်မည် ဆိုပါက အလွန်ပင် ကျေးဇူး တင်ရမည် ဖြစ်ပြီး ရွေးကောက်ပွဲအား ဒီမိုကရေစီ ကျသော၊ ညီမျှမှု ရှိသော၊ လွတ်လပ်သော ရွေးကောက်ပွဲ တစ်ရပ်အဖြစ် ဖော်ပြနိုင်မည် ဖြစ်ပါကြောင်း ဆီးရီးယား လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိ ဖြစ် ပွားနေသော ပြည်တွင်းစစ်အတွင်း လူပေါင်း ၁၅ဝ,ဝဝဝ ကျော် သေကျေနေချိန်တွင် ရွေးကောက်ပွဲ ကျင်းပရန်ဆုံးဖြတ်ချက် ချမှတ်ခဲ့မှု အပေါ် ပြည်တွင်း၊ ပြည်ပရှိ ဆီးရီးယား အတိုက်အခံများက ဝေဖန်လျက် ရှိသည်။
ထို့အပြင် ဆီးရီးယား ပြည်သူသန်းပေါင်း များစွာသည် မဲရုံသို့ သွားရောက် မဲပေးရန်ထက် အိမ်နီး ချင်း နိုင်ငံများသို့ ဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်းရှောင်နေရပြီး အခြေခံကျသော မရှိမဖြစ် လိုအပ်ချက် များကိုပင် မဆောင်ရွက်နိုင်ကြောင်း အတိုက်အခံ အဖွဲ့များက ပြောကြားခဲ့သည်။ ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာ
ဆတ် အနေဖြင့် ခုနစ်နှစ်အတွင်း တတိယ အကြိမ်မြောက် ပြန်လည် ရွေးချယ်ခံရရန် အခွင့် အရေး ကောင်းများ ရရှိထားကြောင်း သိရသည်။

No comments:

Post a Comment

back to top