ရေတပ်ပိုင်းဆိုင်ရာ လုံခြုံရေး ပူးပေါင်းလုပ်ဆောင်တော့မယ့် ဂျပန်နဲ့ ပေါ်တူဂီ နိုင်ငံ
ဂျပန်နိုင်ငံဝန်ကြီးချုပ်နဲ့
ပေါ်တူဂီနိုင်ငံဝန်ကြီးချုပ်တို့ဟာ ရေတပ်ပိုင်းဆိုင်ရာ လုံခြုံရေးပူးပေါင်း လုပ်ဆောင်တော့မယ့်အပြင်
ပင်လယ်ဓားပြတိုက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာပါ
ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်
ရှင်ဇိုအာဘေး ဟာ ဥရောပခြောက်နိုင်ငံ အလည်အပတ်ခရီးစဉ်အတွင်း ပေါ်တူဂီဝန်ကြီးချုပ် ပီဒရိုပက်ဆို
နဲ့ ရေတပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ဖို့ သောကြာ နေ့က သဘောတူညီခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်
အာဘေး ဟာ ဥရောပ ၆ နိုင်ငံ ခရီးစဉ် အတွင်းမှာ ပေါ်တူဂီနိုင်ငံကို ၃ နိုင်ငံမြောက်
အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ
လွတ်လပ်မှုနဲ့ အဏ္ဏ၀ါဥပဒေစိုးမိုးရေတို့ဟာ အရေးကြီး တယ်လို့ ပြောကြားထားပါတယ်။ အာဘေး
နဲ့ ပက်ဆို တို့ဟာ ဂျပန်နိုင်ငံနဲ့ ဥရောပသမဂ္ဂစီးပွားရေးဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်တဲ့
အချောသတ်ပြဋ္ဌာန်းနိုင်ဖို့ နှစ်နိုင်ငံအတူတကွ လုပ်ဆောင်ကြမယ်လို့ သဘောတူညီခဲ့ကြတယ်လို့
သိရပါတယ်။
No comments:
Post a Comment