Monday, April 7, 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး‌ရွှေမန်း ဖြူးမြို့နယ် မြို့မိမြို့ဖများနှင့် တွေ့ဆုံအမှာ စကားပြောကြား



ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဧပြီ (၄) ရက် နံနက် ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ဖြူးမြို့နယ် မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော် မတီနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်၊ အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူး ကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.


ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အမှာစကားပြောကြားရာတွင် ယခုအခါ လယ်ယာမြေနှင့် အခြားမြေများ မတရားသိမ်းဆည်းမှုများ မဖြစ်ပေါ်စေရေးနှင့် မြေယာ အသုံး ချရေး စီမံ ခန့်ခွဲရေး ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရန် သက်ဆိုင်ရာ မြို့နယ် အသီးသီး၌ ရုံးများဖွင့် လှစ်၍ ဆောင် ရွက်လျက်ရှိကြောင်း၊ လုပ်ငန်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ နယ်မြေအလိုက် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတကြီးမှ တိုက်တွန်းခဲ့ ပါကြောင်း၊ မိမိတို့ လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့်လည်း တိုက်တွန်းချက်နှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ပြီး မိမိအနေဖြင့်လည်း တစ်နိုင်ငံ လုံး အတိုင်းအတာအရ ပါဝင်ဆောင်ရွက်ရန်တာဝန်ရှိသည်ဟုခံယူ၍ ယခုလို လာ ရောက်ခြင်း ဖြစ် ပါကြောင်း၊ ဤမြို့နယ်အတွင်း ဖြေရှင်း ဆောင်ရွက် ရန်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စီမံ ခန့်ခွဲရေးကော် မတီသည် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြု ကော်မတီ၊ ရပ်ကွက်/ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီနှင့် လိုအပ်ပါ က ဒေသ ခံပြည်သူ များ၏ တင်ပြချက်များကိုပါ ရယူ၍ မှန်ကန် မျှတစွာ ဖြေရှင်းဆောင်ရွက် ပေးရမှာဖြစ်သလို အခြားဌာန အဖွဲ့အစည်း များနှင့်လည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ရန် ကိစ္စရပ်များရှိလာပါက သက်ဆိုင် ရာသို့ တင်ပြ၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ကျရာဒေသတွင် ကိုယ့်ဇာတိ၊ ကိုယ့်ရပ်ရွာလိုသဘောထား၍ စေတနာထား ဆောင်ရွက်ပေးကြစေ လိုကြောင်း၊ လိုအပ်သည်များရှိပါကလည်း ကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့မိမြို့ဖ ဦးတင်အောင်၊ တိုင်းသာသနာရေးမှူး ဦးမျိုးညွန့်အောင်၊ ဒုတိယ ဝန်ကြီး ဦးဇော်ဝင်း၊ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းအောင်၊ မြို့နယ်မြေစာရင်းဦးစီး ဌာနမှူး ဦးစောတာမလာဖော တို့က သက်ဆိုင်ရာဌာန အလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းတင်နှင့် တိုင်းဒေသကြီး သစ်တောရေးရာဝန်ကြီး ဦးကျော်ဌေး တို့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် နစ်နာမှုမရှိရေးအ တွက် ဆောင်ရွက် သင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကကတင်ပြချက်များအပေါ် ပြန် လည်သုံးသပ်ဆွေးနွေးပြီးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲမစတင်မီ ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့၊ မြို့နယ် ခန်းမသို့ ရောက်ရှိကာ မြို့နယ်ခန်းမ အဆောက်အအုံကို လှည့်လည်ကြည့် ရှုပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းသည်။
ထို့အတူ ပြည်ထောင်စုလွှတ်တော်နာယကသည် ဖြူးမြို့ သာသနဟိတ မြို့မ ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် အခမဲ့နာရေး ကူညီမှုအသင်းရုံးတွင် မြို့မိမြို့ဖများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေး စကား ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top