ဖိလစ်ပိုင်နိုင်ငံက ဆန်တင်ဒါ ခေါ်ယူရာတွင် ဗီယက်နမ်၊ ထိုင်းတို့နှင့် မြန်မာ ယှဉ်ပြိုင်မည်
ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန် ငါးသိန်း တင်ဒါခေါ်ယူရာတွင် ဗီယက်နမ်၊ ထိုင်းတို့နှင့် မြန်မာ ယှဉ်ပြိုင် မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းမှ
သိရသည်။ မြန်မာနိုင်ငံမှ ပုလဲသွယ် စပါးမျိုး ဆန်တန်ချိန် ငါးသိန်းကို
ဖိလစ်ပိုင်နိုင်ငံက တင်ဒါ ခေါ်ယူရာတွင် ဗီယက်နမ်၊ ထိုင်းတို့နှင့်
ယှဉ်ပြိုင် တင်ပို့ရန် ညှိနှိုင်း နေသော်လည်း အရည်အသွေးနှင့် ဈေးနှုန်းသည်
အဓိကကျသည့် ယှဉ်ပြိုင်မှုများ ဖြစ်နေ သည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များ
အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ ဆန်ကုန် သည်များ
အနေဖြင့် ယင်းဆန်တန်ချိန် ငါးသိန်း တင်ဒါခေါ်ယူသည့် ကိစ္စတွင် ဒေသတွင်း
နိုင်ငံ များ ဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့ကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး
ဖိလစ်ပိုင်နိုင်ငံသည် ကုန်ပစ္စည်း အရည် အသွေး စစ်ဆေးရာတွင် အစိုးရကိုယ်တိုင်
စစ်ဆေးကြောင်း သိရသည်။ ယင်းသို့ စိန်ခေါ်မှုများနှင့် ယှဉ်ပြိုင် မှုများ
ပြင်းထန်သော်လည်း မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် မကြာမီ MOU
လက်မှတ် ရေး ထိုးနိုင်ဖွယ်ရှိပြီး လာမည့်နှစ် မိုးစပါး ပေါ်ချိန်ခန့်တွင်
တင်ပို့နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။ မြန် မာနိုင်ငံ အနေဖြင့်
ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ရိုက် ဆန်တင်ပို့ခြင်း မရှိဘဲ တင်ပို့ဖြစ်ပါက
ဆန်ပို့ကုန် ဈေးကွက် အသစ်တစ်ခု ရရှိလာမည်ဖြစ်ပြီး ဖေဖော်ဝါရီ လဆန်ပိုင်းမှ
စတင်ကာ ဆွေးနွေး ညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏
ဆန်ပို့ကုန် ဈေးကွက် ၇ဝ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့သာ အဓိကထား
တင်ပို့ပြီး အာဖရိကနှင့် ဥရောပ ဈေးကွက်များသို့လည်း တင်ပို့လျက်
ရှိကြောင်း သိရသည်။
No comments:
Post a Comment