Monday, April 7, 2014

နွေရာသီတွင် တစ်နေ့လုံး ကြည့်ကောင်းနေစေမည့် အလှပြင် နည်းများ

နွေရာသီမှာ မိတ်ကပ်ပြင်ဆင် လိမ်းခြယ်မှုနှင့် ပတ်သတ်ပြီး နည်းလိမ်းလေ ကောင်းလေပါပဲ။ သဘာဝ ဆန်တဲ့ ကြည့်ကောင်းမှုကို ပေါ်လွင်စေရန် အရောင်အနုဆုံး မိတ်ကပ်ပစ္စည်း အမျိုးအစားတွေနှင့် အလှပြင်ဆင့်ပါတယ်။ နေရောင်ကာကွယ်နိုင်စွမ်း SPF ပါတဲ့ ပေါင်ဒါကို လိမ်းပေးတာက ပိုကောင်းပါတယ်။
 နှုတ်ခမ်းဆိုးဆေးအဆီ (Lip Gloss) ဆိုးတာက နှုတ်ခမ်းအတွက် အကောင်းဆုံးပါ။ နွေရာသီမှာ နှုတ်ခမ်း သားရဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့လည်း လိုအပ်တာကြောင့် နေရောင် ကာကွယ်နိုင်စွမ်းပါတဲ့ နှုတ်ခမ်း ဆိုးဆေး အဆီကို သုံးပေးခြင်းက သင့်ကို အတောက်ပဆုံး ဖြစ်နေစေ ပါတယ်။ ပန်းရောင်နှုတ်ခမ်းနီ ဟာ နွေရာသီမှာ အေးမြလန်းဆန်းစေသည့် အရောင်ဖြစ်ပါတယ်။
 မျက်စိကို ခြယ်သသည့်အခါ ဆောင်းနှင့် မိုးရာသီမှ တောက်ပစွာပြင်ဆင်သင့်ပေမယ့်  နွေရာသီမှာတော့ အဆင်မပြေနိုင်ပါဘူး။ နွေရာသီမှာ အိုင်းရှဲဒိုး လိမ်းသည့်အခါ သဘာဝဆန်သည့် အရောင်ကိုသာရွေးပါ။ (ဥပမာ-မြေကြီးကောင်၊ အညိုရောင်၊ ကာကီရောင်) တို့လို သဘာဝဆန်သည့် အရောင်တို့ကို သုံးပေး သင့်ပါတယ်။ ချွေးထွက်သည့်အခါ အဆင်ပြေစေရန်အတွက် ရေစိုခံ Mascara ကို သုံးသင့်ပါ တယ်။ဖောင်ဒေးရှင်း မိတ်ကပ်နဲ့ အစိုဓာတ်ထိန်းခရမ်တို့ကို ရေခဲသေတ္တာထဲမှာ သိမ်းပေးပါ။ နေအပူ ရှိန်ကြောင့် မိတ်ကပ်ဘူးတွေ အရည်ပျော်လွယ်ပြီး မိတ်ကပ်သက်တမ်းကို ယုတ်လျော့ စေသောကြောင့်ဖြစ် သည်။

No comments:

Post a Comment

back to top