Monday, April 7, 2014

(၅၆)ကြိမ်မြောက် ကေ့ထျိုးဘိုးရိုးရာ(ခ) တံခွန်တိုင်ပွဲတော်သို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

(၅၆)ကြိမ်မြောက် ကေ့ထျိုးဘိုးရိုးရာ(ခ)တံခွန်တိုင်ပွဲတော်သို့ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်

ကယားပြည်နယ်၊ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ချုပ်မှ ဦးစီးကျင်းပသော (၅၆) ကြိမ်မြောက် ကယား ပြည်နယ် လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာ (ခ) တံခွန်တိုင်ပွဲတော်၊ တံခွန်တိုင် စိုက်ထူခြင်း အခမ်း အနားကို ဧပြီလ (၄) ရက်နေ့ နံနက် (၆း၃၀)အချိန်က ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူ ရွာသစ်ကျေးရွာ အုပ်စု၊ ဟန်သောခူရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ ပြည်နယ် ၀န်ကြီး များဖြစ်ကြသော စီမံ/စီးပွားရေးဝန်ကြီး ဦးတော့ရယ်၊ လူမှုရေးဝန်ကြီး ဦးကိုးရယ်၊ လက်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်၊ ဦးဦးရယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘိုးရယ်၊ ဒေါ်နော်မေးရီယန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုလူနှင့် ကော်မတီဝင် ဦးဂျေကလက်၊ ဒေါ်မော်မော်ခိုင်၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ကေ့ထျိုးဘိုး ဗျာစယ်နှင့် အဖွဲ့ဝင်များ၊ မော်မိုးကော်မတီဝင်များ၊ ကေ့ထျိုးဘိုး လူငယ်များ၊ ယဉ်ကျေးမှု လူငယ်များ၊ ကယားတိုင်းရင်းသားမျိုးနွယ်စုများ၊ စုစုပေါင်း အင်အား (၁၂၀၀) ဦ;တို့ တက်ရောက်ကြကြောင်း သိရသည်။

Photo: (၅၆)ကြိမ်မြောက် ကေ့ထျိုးဘိုးရိုးရာ(ခ)တံခွန်တိုင်ပွဲတော်သို့ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်

ကယားပြည်နယ်၊ ကေ့ထျိုးဘိုးဂေါပကအဖွဲ့ချုပ်မှ ဦးစီးကျင်းပသော (၅၆) ကြိမ်မြောက် ကယား ပြည်နယ် လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုးရိုးရာ (ခ) တံခွန်တိုင်ပွဲတော်၊ တံခွန်တိုင် စိုက်ထူခြင်း အခမ်း အနားကို ဧပြီလ (၄) ရက်နေ့ နံနက် (၆း၃၀)အချိန်က ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူ ရွာသစ်ကျေးရွာ အုပ်စု၊ ဟန်သောခူရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ ပြည်နယ် ၀န်ကြီး များဖြစ်ကြသော စီမံ/စီးပွားရေးဝန်ကြီး ဦးတော့ရယ်၊ လူမှုရေးဝန်ကြီး ဦးကိုးရယ်၊ လက်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးရယ်၊ ဦးဦးရယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘိုးရယ်၊ ဒေါ်နော်မေးရီယန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုလူနှင့် ကော်မတီဝင် ဦးဂျေကလက်၊ ဒေါ်မော်မော်ခိုင်၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ကေ့ထျိုးဘိုး ဗျာစယ်နှင့် အဖွဲ့ဝင်များ၊ မော်မိုးကော်မတီဝင်များ၊ ကေ့ထျိုးဘိုး လူငယ်များ၊ ယဉ်ကျေးမှု လူငယ်များ၊ ကယားတိုင်းရင်းသားမျိုးနွယ်စုများ၊ စုစုပေါင်း အင်အား (၁၂၀၀) ဦ;တို့ တက်ရောက်ကြကြောင်း သိရသည်။
နံနက်(၇း၀၀)နာရီအချိန်တွင် တံခွန်တိုင်တော်ကို သတ်မှတ်နေရာ တွင် အောင်မြင်စွာ စုပေါင်းစိုက်ထူ ကြပြီးနောက် လူထုအခမ်းအနား ဆက်လက်ကျင်းပရာ ပြည်နယ် စီမံ/စီးပွားရေး ၀န်ကြီး ဦးတော့ရယ်မှ မင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားပြီး အထိမ်းအမှတ်အလံကို ကေ့ထျိုး ဘိုးဂေါပကဥက္ကဌ- အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပိုးရယ်အောင်သိန်းနှင့် ပွဲတော် ဖြစ်မြောက်ရေးဥက္ကဌတို့က ပေးအပ် ရာ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ KNPP ဒု-ဥက္ကဌ ခူးဦးရယ်၊ ငြိမ်းချမ်းရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ခိုင်ဖြိုးပါတီတို့က လက်ခံရယူ၍ အခမ်းအနားကို နံနက် (၈း၃၀)နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ကယားလေး(လွိုင်ကော်)

No comments:

Post a Comment

back to top