ဧပြီလ (၅) ရက် နံနက် (၀၉း၃၀)အချိန်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင်/ တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၊ မြို့နယ်ကော်မတီဝင်များနှင့် လူငယ်အဖွဲ တို့သည် မလွှကုန်းဌေးကြွယ် (က)ရပ်ကွက်ရှိ နန္ဒ၀န် စေတီတော်ရှိ ဂေါပက အဖွဲနှင့် သွားရောက်တွေဆုံခဲ့ကြပြီး ၁၃.၄.၁၄ သင်္ကြန်းအကျနေ့မှ ၁၇.၄.၁၄ ရက် နှစ်ဆန်း(၁)ရက်နေ့အထိ ဖွင့်လှစ်မည့် တရားစခန်းအတွက် မိသားစု အလှူငွေ (၅၀၀၀၀ိ/) ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ ၅၀၀၀၀ိ/နှင့် စေတီဘေး ကွန်ကရိခင်းရန် ဘိလပ်မြေ(၂၅)အိပ် သွားရောက်လှူဒါန်းခဲ့ရာ နန္ဒ၀န်စေတီတော်ရှိ ဂေါပက ဥက္ကဌ ဦးမြကြိုင်နှင့် အတွင်းရေးမှူး ဦးကျော်မြင့် တို့မှ လက်ခံရယူခဲ့ပါသည်။
No comments:
Post a Comment