နက္ခတ်သိပ္ပံ အကြံပြုလမ်းညွှန် - April 7, 2014
တနင်္ဂနွေနှင့် ဗုဒ္ဓဟူးဂြိုဟ်များ မိန်ရာသီ၊ သောကြာဂြိုဟ်
ကုမ်ရာသီ၌ ရပ်တည်နေပြီး အင်္ဂါဂြိုဟ် တူရာသီ၌ ဖေါက်ပြန် တည်ရှိနေမည်။
တနင်္လာဂြိုဟ် မေထုန်ရာသီ၌ ရပ်တည်နေပြီး ကြာသပတေးဂြိုဟ် မေထုန်ရာသီ၌
ရပ်တည်နေပြီး စနေဂြိုဟ် တူရာသီတွင် ဖေါက်ပြန် တည်ရှိနေပါမည်။ ရာဟုနှင့်
ကိတ်ဂြိုဟ်များ တူရာသီနှင့် မိဿရာသီ၌ တည်ရှိနေမည်။ ယူရေးနပ်စ်ဂြိုဟ်
မိန်ရာသီ၊ နက်ပ်ကျွန်းနှင့် ပလူတိုဂြိုဟ်များ ကုမ်နှင့် ဓနုရာသီ၌
တည်ရှိနေမည်။ တနင်္လာနှင့် ကြာသပတေးဂြိုဟ်များ ပူးယှဉ်သည်။ ယူရေးနပ်စ်နှင့်
တနင်္ဂနွေမှ တနင်္လာသို့ ၉၀ံအမြင်၊ ပလူတိုနှင့် တနင်္လာ အပြန်အလှန် ၁၈၀ံအမြင်၊
တနင်္လာမှ အင်္ဂါသို့ ၉၀ံအမြင် ရှိထားသည်။ ဆန်စပါးနှင့် မတ်ပဲဈေးနှုန်းများ
အပြောင်းအလဲ ဖြစ်ပေါ်မည်။ ပုန္နဖုသျှနက္ခတ်စန်းယှဉ်ပြီး မိဿ၊ မေထုန်၊ သိဟ်၊
ကန်၊ တူ၊ ဓနုနှင့် မကာရ ရာသီဖွားများ ကံဇာတာ မြင့်မားချိန် ဖြစ်သည်။
တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသသပတေး၊ သောကြာ၊ စနေနှင့် ရာဟုသားသမီးများ
အရေးကြီးကိစ္စ ဆောင်ရွက်နိုင်သည်။ လွဲချော်နေသည့် ကိစ္စရပ်များ၊ မင်္ဂလာအမှု
ကိစ္စများ၊ မိမိအလိုဆန္ဒများ အတွက် အဓိဌာန် သစ္စာပြုခြင်း၊ အလျှင်အမြန်
ပြန်အရောင်းထွက်လိုသော ကုန်ပစ္စည်းနှင့် အိမ်ခြံမြေ ၀ယ်ယူမှု ကိစ္စများ၊
ရွှေရတနာ ၀ယ်ယူ စုဆောင်းမှုနှင့် အရောင်းဆိုင် ဖွင့်လှစ်မှု၊ လေလံနှင့်
ယှဉ်ပြိုင်မှု ကိစ္စများ၊ ထီကံစမ်းမှုနှင့် အကျိုးရှိမည့် အရေးကြီး
လုပ်ငန်းကိစ္စများ အတွက် ဆက်သွယ် ကြိုးပမ်း ဆောင်ရွက်နိုင်သည်။
ကံကောင်းဂဏန်း- ၂၊ ၅၊ ဝ
တနင်္ဂနွေသားသမီးများ
ကံကောင်း အောင်မြင်မှုများ ပြန်လည် တည်ဆောက် ရယူနိုင်မည့် အချိန်ကာလ ဖြစ်သည်။
တနင်္လာသားသမီးများ
ဆုံးဖြတ်ချက်များ တည့်မတ် မှန်ကန်မှုကြောင့် အခွင့်အရေးများ တွေ့ကြုံမည်။
အင်္ဂါနေ့သားသမီးများ
ငွေကြေးပိုင်းဆိုင်ရာ အနှောင့်အယှက် ပြဿနာများ တွေ့ကြုံ ဖြေရှင်းရတတ်သည်။
ဗုဒ္ဓဟူးနေ့သားသမီးများ
လုပ်ငန်းပိုင်း တိုးတက် ပြောင်းလဲ အောင်မြင်မှုများ တွေ့ကြုံလာမည်။
ကြာသာပတေးနေ့သားသမီးများ
လူမူရေးပိုင်းဆိုင်ရာ အထောက်အပံ့ အကူအညီကောင်းများ ရရှိလာမည်။
သောကြာနေ့သားသမီးများ
ဘုန်းကံသြဇာ အရှိန်အ၀ါ တောက်ပ လင်းလက်ချိန် ဖြစ်သည်။
စနေနေ့သားသမီးများ
ဂုဏ်သိက္ခာ မြင့်မား တိုးတက်မည့် ရွှေရောင် အနာဂတ် ကာလ ဖြစ်သည်။
ရာဟုနေ့သားသမီးများ
ကောင်းမွန်သည့် အခွင့်အရေးများ လက်ဝယ်သို့ရုတ်တရက် ရောက်ရှိလာမည်။ တနင်္ဂနွေသားသမီးများ ၀တ်ဆင်ရန် | ပန်းရောင်၊ အ၀ါ၊ ခရမ်း |
တနင်္လာနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ အနက် |
အင်္ဂါနေ့သားသမီးများ ၀တ်ဆင်ရန် | ဆင်စွယ်၊ အ၀ါ၊ နက်ပြာ |
ဗုဒ္ဓဟူးနေ့သားသမီးများ ၀တ်ဆင်ရန် | အစိမ်းနု၊ ဆင်စွယ်၊ အ၀ါ |
ကြာသာပတေးနေ့သားသမီးများ ၀တ်ဆင်ရန် | အ၀ါ၊ ဆင်စွယ်၊ ခရမ်း |
သောကြာသားသမီးများ ၀တ်ဆင်ရန် | အဖြူ၊ ဆင်စွယ်၊ အ၀ါ |
စနေနေ့သားသမီးများ ၀တ်ဆင်ရန် | အနက်၊ ဆင်စွယ်၊ အ၀ါ |
ရာဟုနေ့သားသမီးများ ၀တ်ဆင်ရန် | ခရမ်း၊ အ၀ါ၊ အစိမ်းရင့် |
No comments:
Post a Comment