ပုဂ္ဂလိကသို့ အမှိုက်သိမ်း လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် သိမ်း ဆည်းခနှုန်းထား ပြောင်းလဲ ကောက်ခံမှု အပေါ် မူတည်၍ ရွေး ချယ်မည်
ရန်ကုန်မြို့တော်
အမှိုက်သိမ်း လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် အမှိုက်သိမ်း ဆည်းခ
ပြန် လည် ကောက်ခံမည်ဆိုသည်ကို ထည့်သွင်း တင်ပြရမည် ဖြစ်ပြီး ကောက်ခံမည့် နှုန်းထား
အပေါ် မူတည်၍ ရွေးချယ်လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ
တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ
အမှိုက်သိမ်း လုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို တင်ဒါစတင်
ခေါ်ယူထားရာ စိတ်ဝင်စားမှု မြင့်တက်လျက် ရှိသည်။ လက်ရှိ ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော် မတီမှ လုပ်ကိုင်နေသော အမှိုက်သိမ်း လုပ်ငန်းများမှာ အရှုံးပေါ်လျက်
ရှိနေသော်လည်း ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင် ခွင့်ပြုခြင်းအားဖြင့် နိုင်ငံတကာ
အဆင့်မီ သော အမှိုက်သိမ်းစနစ် တစ်ခုဖြစ် လာမည် ဖြစ်ကြောင်း သိရသည်။
အမှိုက်သိမ်း
လုပ်ငန်းများအတွက် အသုံးပြုရသည့် ကုန်ကျငွေနှင့် ပြန်ရငွေ နှိုင်းယှဉ်ကြည့်ပါက
အသုံးပြုရငွေမှာ ပိုမိုများပြားကြောင်း၊ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရာတွင် အများပြည်သူနှင့်
ကိုက် ညီသော ကောက်ခံ မှု နှုန်း ထားဖြင့်သာ လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် အမှိုက်တန်ချိန် ၁၆ဝဝ နီးပါးထွက်ရှိပြီး
ယင်းတို့ကို မြို့နယ် ရပ်ကွက်များ အတွင်းရှိ အမှိုက်ကန်၊ အမှိုက်ပုံများမှ တစ်ဆင့်
အမှိုက်ကားဖြင့် သယ်ယူ၍ နောက်ဆုံး အမှိုက်ပုံဖြစ်သော လှိုင်သာယာမြို့နယ်ရှိ
ထိန်ပင်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင်
အမှိုက်ပုံတွင် သွားရောက် စွန့်ပစ်ရကြောင်း
သိရသည်။
No comments:
Post a Comment