ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အရေးပေါ်
အခြေအနေရောက်ဟုဆို
ကုလသမဂ္ဂအဖွဲ့မှ ယနေ့ရက်စွဲဖြင့်
ထုတ်ပြန်သော ကမ္ဘာ့ရာသီဥတုဆိုင်ရာ အစီရင်ခံစာတွင် ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု
အခြေအနေမှာ အရေးပေါ် အခြေအနေဟု သတ်မှတ်ရမည့် အနေအထားမျိုးရောက် လာသည်ဟု
ဖော်ပြထားကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။
ကုလသမဂ္ဂအဖွဲ့မှ ရာသီဥတုဆိုင်ရာ
ပညာရှင်များနှင့် သိပ္ပပညာရှင်များ ပါဝင်သော အဖွဲ့သည် ကမ္ဘာ အရပ်ရပ်မှ
ပညာရှင်များဖြင့် ဂျပန်နိုင်ငံတွင် အထူးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြီးနောက်တွင်
ယခုကဲ့သို့ အစီရင်ခံစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုမှာ
ပြီးခဲ့သည့် ငါးနှစ်အတွင်း ထင်ရှားသည့် အခြေအနေရောက်လာသည်ဟု ဆိုသည်။
No comments:
Post a Comment