မန်းရတနာပုံ လေကြောင်းလိုင်း
အတွက် ပြင်သစ်မှ မှာယူထားသော ဒုတိယ မြောက် လေယာဉ် ဧပြီ ၁ရက်တွင် ရန်ကုန်သို့ ရောက်မည်
မြန်မာနိုင်ငံ၏ ရှစ်ခုမြောက်
ပြည်တွင်းလေကြောင်းလိုင်း ဖြစ်သည့် မန်းရတနာပုံ လေကြောင်းလိုင်း၏ ဒုတိယမြောက်
လေယာဉ်သည် ဧပြီ၁ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာ မည် ဖြစ်ကြောင်း မန်းရတနာပုံ
လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ဒုတိယမြောက် လေယာဉ်သည်
ပြင်သစ်နိုင်ငံToulouse မြို့ရှိ ATR လေယာဉ်ထုတ်လုပ်သည့် စက်ရုံမှ ATR 72- 600
လေယာဉ် အမျိုးအစား ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန်း ရတနာပုံ လေကြောင်းလိုင်း အနေဖြင့် ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ ဟဲဟိုး၊ တာချီ လိတ်နှင့် ကျိုင်းတုံ အစရှိ သည့် ဒေသများသို့ ခရီးစဉ်များ ပျံသန်းလျက်ရှိပြီး ဒုတိယမြောက် လေ ယာဉ် ရောက်ရှိ လာပါ က မြစ်ကြီးနား၊ လားရှိုး၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း စသည့်မြို့များသို့ ပျံသန်း မည်ဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံ လေကြောင်းလိုင်း သစ်၏
ပထမဆုံး လေယာဉ်သည် ၂ဝ၁၄ခုနှစ် ဇန်နဝါရီ ၃၁ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ရောက်ရှိလာပြီး ဖေဖော်ဝါရီလမှ စတင်၍ ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲ ပျံသန်းလျက်
ရှိသည်။ ထို့အပြင် လိုအပ်ချက်ပေါ် မူတည်၍ လေယာဉ်များ ထပ်မံ မှာယူရန် အစီ အစဉ်များ
လည်းရှိ ကြောင်း သိရသည်။
No comments:
Post a Comment