ယာဉ်အစီးရေ ၄၅၀ ခန့် ရပ်နားနိုင်သော အထပ်မြင့် ယာဉ်ရပ်နား စခန်း အဖြစ် အသုံးပြုမည့် မင်္ဂလာမွန်ဈေး တိုးချဲ့ယာဉ်ရပ်နားစခန်း ယခုနှစ်တွင် ဖွင့်လှစ်မည်
ယာဉ်အစီးရေ ၄၅၀ ရပ်နားနိုင်သော
အထပ်မြင့် ယာဉ်ရပ်နားစခန်းအဖြစ် အဓိကအသုံးပြုမည့် မင်္ဂလာမွန်ဈေး
တိုးချဲ့ယာဉ်ရပ်နားစခန်းနှင့် ဈေးသစ်ကြီးကို ယခုနှစ်တွင် စတင်ဖွင့်လှစ်ကာ
အသုံးပြုနိုင် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ
သိရသည်။
အဆိုပါဈေးသစ်ကြီးကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်တွင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီနှင့် မဟာအောင်မြင်သူ ကုမ္ပဏီတို့ အကျိုးပူးပေါင်း
ဆောက် လုပ်ခြင်းဖြစ်ပြီး ခြောက်ထပ် အဆောက်အအုံ စီမံကိန်းဖြစ်ကာ မင်္ဂလာဈေးသစ်နှင့်
မင်္ဂလာ မွန်ဈေး ဘေးကပ် လျက်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးသစ်ကြီး၏ အထပ်သုံးထပ်ကို
ယာဉ်ရပ်နားနိုင်သည့် နေရာများအဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ထပ်တွင် ကားအစီး ၁၅၀
ခန့် အခကြေးငွေဖြင့် မည်သူမဆို ၀င်ရောက်ရပ်နားနိုင်မည်ပြီး ဆိုင်ခန်းပေါင်း ၅၀၀
ကျော်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အထပ်မြင့် ယာဉ်ရပ်နားနေရာ
ဖွင့်လှစ်ပြီးပါက မင်္ဂလာဈေး အနီးတစ်ဝိုက်နှင့် မင်္ဂလာဈေး အတွင်း ဖြစ်ပေါ်နေသော
ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်နိုင်မည်ဖြစ်ပြီး ဈေးသစ်ကြီး စတင်ဖွင့်လှစ် သည်နှင့်
ယာဉ်ရပ်နားစခန်းကို စတင်အသုံးပြုနိုင်မည်ဟု ဈေးများဌာနမှ သိရသည်။
အဆိုပါဈေးသစ်ကြီးကို မဟာအောင်မြေသူ
ကုမ္ပဏီမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ မေ ၃၁ ရက် နောက်ဆုံးထား၍
အပ်ရမည်ဟု သိရသည်။ ရန်ကုန်မြို့တော်အတွင်း ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှုများတွင်
ကားရပ်နားရန်နေရာများ လုံလောက်မှု မရှိခြင်းကလည်း အကြောင်းရင်း တစ်ရပ်အဖြစ်
ပါဝင်နေရာ ယခုဘဏ္ဍာနှစ်အတွင်း ယာဉ်ရပ်နားစခန်း အသစ်များ တိုးချဲ့ရန်စီစဉ်နေရာ
ယခုမင်္ဂလာမွန်ဈေး တိုးချဲ့ယာဉ်ရပ်နားစခန်းအပြင် အောင်မင်္ဂလာ အဝေးပြေးဝင်းအနီးနှင့်
ကမာရွတ်မြို့နယ် လှည်တန်း အနီး တစ်ဝိုက်တွင်လည်း မြေပြင်နှင့်
အထပ်မြင့်ယာဉ်ရပ်နားစခန်းများ ဆောက်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။
No comments:
Post a Comment