Monday, April 7, 2014

တောင်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးစွမ်းရည်မြှင့်တင်မှု သင်တန်း ဖွင့်လှစ် 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်က ကြီးမှူးဖွင့် လှစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေး စွမ်းရည်မြှင့်တင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၆) ရက်နေ့က ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ် အမှုဆောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးအောင်သိန်းလင်း တက်ရောက်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေ သကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းက သင်တန်း သားများကို သင်တန်းပို့ချသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသာဝင်းက " ဒီသင် တန်းက စွမ်းရည် မြှင့်တင်ရေးသင်တန်းဆိုတဲ့အတိုင်းပဲ လူငယ်တွေကို ပါတီ ရဲ့ အခြေခံစည်းမျဉ်း၊ မူဝါဒ၊ ရည်ရွယ် ချက်တွေ၊ လုပ်ငန်းသဘောတရား၊ လုပ်ငန်းစဉ်တွေကို သိအောင် အသိပေးမယ်။ နိုင်ငံရေး အခင်း အကျင်းကိုလဲ အသိပေးရမယ်။ နိုင်ငံရေး လုပ်ဆောင်တာကို စိတ်ဝင်စားလာအောင် လဲ ပြောပေးရမယ်။ နည်းစနစ်တွေသိရှိဖို့ ပြည်သူနဲ့ တစ်သားတည်းဖြစ်ဖို့ ဘယ်လိုနေထိုင်ကျင့်ကြံ ပြောဆိုကြ မလဲ ဆိုတာလိုအပ်ပါတယ်" ဟုပြော သည်။
ယင်းစည်းရုံးရေးစွမ်းရည်မြှင့်တင်မှုသင်တန်းကို ဧပြီလ (၆) ရက်နေ့မှစ၍ ငါးရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းသား (၃၉) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

---------------------------------------------------

No comments:

Post a Comment

back to top