Monday, April 7, 2014



အနေမြင့်စေ

သြော်………………..ပန်း

နမ်းချင်ပါရဲ့

သိုပေမဲ့

ကိုယ်ရှေ့မှာ ဈေးကြီးပေးဝယ်နေသူကို မြင်ရပြန်တော့

နာကျင်နေတဲ့နှလုံးသားကို

အားနည်းချက်တွေရောစွက်နေတဲ့

ချန်ထားရစ်ခဲ့ပြီးမှ

လည်ပြန်ငေးကြည့်မိ

တောင်တတွေနဲ့ ငါမျက်ဝန်းထဲ

မိုးတွေအကြိမ်ကြိမ်ရွာချ

နွေးနေတဲ့ ရူုံးတဲ့ နှလုံးဒဏ်ရာ

နှင်းဖွဲတွေကြားက

ပူလောင်တဲ့ ငါ့ဘဝ

မင်းတစ်ချက်လောက်လှည့်ကြည့်လာခဲ့ရင်

ပင်လည်ကြီးလည်းခမ်းခြောက်

နေမင်းကြီးလည်း နွမ်းပျောက်သွားလောက်အောင်

ငါချစ်ပြလိုက်ချင်ရဲ့

ခုတော့ကွယ်

မာနခြေလှမ်းတွေ သယ်ဆောင်ရာနောက်

နောင်တမြူတွေကယ်ငြိလို့
မင်းနဲ့ဝေးသထက်ဝေး ရပြီပေါ့............

No comments:

Post a Comment

back to top