နိုင်ငံတစ်ဝန်းတွင်
အခြေခံလူနေမှု ကုန်ကျစရိတ် စစ်တမ်း များ ကောက်ယူရန် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီး ဌာနမှ စီစဉ် သွားမည်
နိုင်ငံတစ်ဝန်းတွင်
အခြေခံ လူနေမှု ကုန်ကျစရိတ် စစ်တမ်းများ ကောက်ယူရန် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာနမှ စီစဉ်သွားမည် ဖြစ်ကြောင်း အဆိုပါ
ဝန်ကြီးဌာနမှ သိရသည်။ ယင်းကဲ့သို့ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီး များနှင့် ပြည်နယ်
အသီးသီးတွင် အခြေခံ လူနေမှု ကုန်ကျစရိတ် စစ်တမ်းများ ကောက်ယူရခြင်းမှာ နိုင်ငံတစ်ဝန်းရှိ
အလုပ်သမားများ အတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး
ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြား ခဲ့သည်။
ယင်းကဲ့သို့
စစ်တမ်း ကောက်ယူရာတွင် အခြေခံ လူနေမှု ကုန်ကျစရိတ်နှင့် စားသောက် စရိတ်တို့ကို အဓိက ကောက်ယူသွားမည်ဖြစ်ပြီး
ကျန်းမာရေး အသုံးစရိတ်နှင့် တခြား အပိုကုန်ကျစရိတ်များ ထည့် သွင်း ကောက်ယူသွားမည် မဟုတ်ကြောင်းလည်း
အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြား ခဲ့သည်။
ယင်းကဲ့သို့
စစ်တမ်းများ ကောက်ယူခြင်းကို မြန်မာ့ဖွံ့ဖြိုးမှု အရင်းအမြစ်အဖွဲ့ အပြည်ပြည် ဆိုင်ရာ
အလုပ်သမား ရေးရာ အဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့်
မန္တလေးတိုင်း ဒေသကြီးတို့၌ စစ်တမ်းများ ကောက်ယူ
ထားပြီး ဖြစ်ကာ ယခု ကောက်ယူမည့် စစ်တမ်းမှာ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့်
ပြည်နယ် အသီးသီးတွင် ဖွဲ့စည်း ပေးထားသည့် အနည်းဆုံး အခကြေးငွေ နှုန်းထား သတ်မှတ်ရေး ကော်မတီများမှ တစ်ဆင့် ကာက်ယူ သွားမည် ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီ
အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင်
ပြန်လည် ကောက်ယူ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ အနည်းဆုံး အခကြေးငွေ နှုန်းထားသတ်မှတ်နိုင်ရန်
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ပြည်နယ်နှင့်
တိုင်းဒေသကြီး ကော်မတီ ဥက္ကဋ္ဌများနှင့် သွားရောက်
ဆွေးနွေးလျက်ရှိပြီး ရခိုင်ပြည်နယ် တစ်ခုသာ
ဆွေးနွေးရန် ကျန်ရှိ တော့ကြောင်း သိရသည်။ ဆွေးနွေးမှုများ ပြီးပါက ပြည် နယ်နှင့်
တိုင်းဒေသကြီး ကော်မတီများကို သင်တန်း ပေး၍ သက်ဆိုင်ရာ ဒေသ များတွင် စစ်တမ်း များ ကောက်ယူ
သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment