မြိတ်မြို့မှ ဗန်ကောက်မြို့သို့ Union Express Charter Cargo Airမှ စတင် ပျံသန်း ပြေးဆွဲတော့မည်
မြိတ်ဒေသရှိ
ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးနှင့် ဒေသထွက် ရေထွက်ကုန် ပစ္စည်းများ ကုန်စည် စီးဆင်းမှု
မြန်ဆန်ရေးအတွက် Myanmar Union Express Aviation Group နှင့် မြိတ် အများပိုင် ကော်ပိုရေးရှင်း
လီမိတက်တို့ ပူးပေါင်း၍ Union Express Charter Cargo Air ဖြင့် မြိတ်မြို့မှ ဗန်ကောက်မြို့သို့ မေ ၈ ရက်မှ စတင်၍
တိုက်ရိုက် ခရီးစဉ် ပျံသန်း ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရ သည်။
တနင်္သာရီတိုင်း
ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက် အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး
ဖြစ်သည်။ ၎င်းလေကြောင်းလိုင်းတွင် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့်
လေကြောင်းလိုင်း လုပ်ငန်းများ ပျံသန်းပြေးဆွဲနိုင်ရေး အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများ
ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ မကြာမီ အချိန်အတွင်းမှာ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ
ပြည်သူများနှင့် ဒေသထွက် ကုန်ပစ္စည်းများကို
အချိန်တိုအတွင်းမှာ ပို့ဆောင်နိုင်တော့ မည် ဖြစ်သည်။
ယခုကဲ့သို့
မြိတ်-ဗန်ကောက် ခရီးစဉ် Myanmar Union Express Charter Air တွင် ပြေးဆွဲ မည့် လေယာဉ်မှာ
Boeing 737 လေယာဉ်ဖြစ်ပြီး မေ ၈ ရက်မှ စတင်ကာ မြိတ်မြို့မှ ဗန်ကောက်မြို့သို့ အပတ်စဉ်
အင်္ဂါနေ့နှင့် သောကြာနေ့တိုင်းတွင် ခရီးသည် ၁၆၈ ဦးလိုက်ပါနိုင်ပြီး ကုန်တန်ချိန် နှစ်တန်ကို
ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ ၎င်း လေကြောင်းလိုင်းတွင် စီးနင်းလိုက်ပါမည့် ခရီးသွား ပြည်သူများ အတွက်
လေကြောင်း လိုင်း တာဝန်ရှိသူများ မှ နိုင်ငံကူး လက်မှတ် (Passport) နှင့် ပြည်ဝင်ခွင့်
(Visa) များ ပြုလုပ်နိုင်ရေး အတွက် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လေကြောင်းလိုင်း
တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
No comments:
Post a Comment