Tuesday, April 29, 2014


တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်နှင့် ပို့ကုန် သွင်းကုန် လိုင်စင်များ ထုတ်ပေးမည်
၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အစ ယခုလမှ စတင်ကာ မန္တလေးတိုင်း ဒေသကြီးရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  တိုင်းဦးစီးမှူးရုံးတွင်   တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (ITC) နှင့် ပို့ကုန် သွင်းကုန် လိုင်စင်များကို စတင် ထုတ်ဝေ ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ လက်မှတ်များဖြင့် မန္တလေးတိုင်း ဒေသကြီးနှင့် ကုန်သွယ်မှု လမ်းကြောင်း တစ်ဆက် တစ်စပ် တည်း ဖြစ်သော နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နှင့် တမူး နယ်စပ် ကုန်သွယ်ရေး စခန်းများဖြင့် ချိတ်ဆက်ကာ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို လွယ်ကူ စွာ ဆောင် ရွက် နိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ပင် လက်မှတ်များ ခွင့်ပြု ပေးခြင်းဖြင့် ဒေသခံများ ပိုမို လွယ်ကူ ကာ အချိန်မြန်ဆန် စေပြီး ကုန်သွယ်မှု ဆိုင်ရာ လုပ်ငန်းများ လျင်မြန် ချောမွေ့ စေရန်  ရည်ရွယ် ထားကြောင်း  သိရသည်။

No comments:

Post a Comment

back to top